လူတိုင်းမှာ ဝါသနာတစ်မျိုးှဆီရှိပြီး တစ်ယောက်ချင်းစီရဲ့ ဝါသနာတိုင်းဟာလည်း မတူညီကြပါဘူး ။ ဒီလိုမတူညီတဲ့အထဲမှာမှ လူတော်တော်များများဟာ ခရီးထွက်ရတာကို သဘောကျနှစ်သက်တယ်ဆိုတာ ကိုတွေ့ရပါတယ်။ အခုလည်း အမေရိကန်နိုင်ငံက အသက် ၂၁နှစ်အရွယ် ကောင်မလေးဟာ ငယ်ငယ်လေးနဲ့ ကမ္ဘာတစ်ပတ်နီးပါး ခရီးထွက်ခဲ့ပြီး ကမ္ဘာကအသက်အငယ်ဆုံး ကမ္ဘာပတ် ခရီးထွက်သူအဖြစ် ဂရင်းနစ်မှတ်တမ်းတင်နိုင်ခဲ့တာပ ဖြစ်ပါတယ်။

သူမဟာ သက်ဦးဆံပိုင်စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံပေါင်း ၁၉၆ နိုင်ငံကို လည်ပတ် ခရီးထွက်ခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် အစစ်အဆေးများလွန်းပါတယ်ဆိုတဲ့ မြောက်ကိုရီးယားနိုင်ငံကိုလည်း သွားရောက်ခဲ့ပြီး ဝင်ရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ သူမရဲ့ခရီးစဉ်အဆုံးသတ်နိုင်ငံတစ်ခုဖြစ်ပြီး ဘာကြောင့် မြောက်ကိုရီးယားနိုင်ငံကို လည်ပတ်ခွင့် ပိတ်ပင်ထားကြလဲဆိုတာ စဉ်းစားလို့တောင် မရဖူးလို့ ပြောကြားခဲ့ပါတယ်။

ဂရင်းနစ် မှတ်တမ်းနဲ့ ပတ်သက်ပြီး အခက်အခဲရှိတဲ့ အပိုင်းကတော့ သူမရောက်ရှိခဲ့တဲ့ နိုင်ငံတွေကို ဂရင်းနစ်အဖွဲ့ချုပ်ဆီ အချက်အလက်နဲ့တကွ သက်သေပြရတဲ့ အပိုင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို သက်သေပြရတဲ့အခါ သူမလည်ပတ်ခဲ့တဲ့ နိုင်ငံတွေရဲ့ လေယာဉ်လတ်မှတ်တွေ ဟိုတယ်တည်းခိုတဲ့ ဖြတ်ပိုင်းလတ်မှတ်တွေကအစ အသေးစိတ်တင်ပြရတာဖြစ်တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။ အခုဆိုရင် သူမဟာ ကမ္ဘာအသက်ငယ်ဆုံး ကမ္ဘာပတ်နိုင်တဲ့သူအဖြစ် ဂရင်းနစ်စံချိန်တင်သွားခဲ့တာဖြစ်ပြီး ယခင်က စံချိန်တင်ထားတဲ့ အသက်၂၄နှစ်အရွယ် ဗြိတိန်အမျိုးသားရဲ့ စံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source : UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။