ဒီဗီဒီယိုလေးကို တင်ပေးထားတာကတော့ Primitive My Village ဆိုတဲ့ Youtube Channel တစ်ခုကပဲဖြစ်ပါတယ်။

သူတို့တင်ပေးထားတဲ့ ဗီဒီယိုထဲမှာဆိုရင်လည်း အမျိုးသားတစ်ဦးဟာ ပါးပြင်းကြီးခွက်ထားတဲ့ မြွေဟောက်ကြီးတစ်ကောင်ကို လေးခွနဲ့ အကြိမ်ကြိမ်ပစ်ကာ လိုက်လံဖမ်းဆီးနေတာတွေ့ရပါတယ်။

မြွေဟောက်ကြီးဟာ သူလေးခွနဲ့ပစ်ထားတဲ့ဒဏ်တွေကြောင့် သိပ်မလှုပ်ရှားနိုင်တော့တဲ့အချိန်မှာတော့ ၎င်းအမျိုးသားဟာ အနားကအပင်တစ်ပင်ကိုခုတ်ပြီး မြွေကြီးကို ရိုက်သတ်ခဲ့တာတွေ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ ၎င်းအမျိုးသားဟာ မီးဖိုအသေးစားလေးတစ်ခုပြုလုပ်ပြီး မြွေကို ကင်ကာအရေခွံတွေကိုခွာခဲ့တာတွေ့ရပါတယ်။

အဲ့ဒီနောက်မှာဆိုရင်လည်း အရေခွံခွာထားတဲ့မြွေကို မြေအိုးတစ်အိုးထဲထည့်ကာ ပြုတ်ခဲ့ပြီး သူလိုချင်တဲ့အနေအထားအရောက်မှာတော့ အိုးထဲကထုတ်ကာ မြိန်ရေရှက်ရေစားနေတာကိုတွေ့ရပါတယ်။

သူကတော့ ဘာမှမဖြစ်သလိုစားနေပေမယ့် သူစားနေတာကြီးကိုမြင်ရတာက အင်မတန်အသည်းယားစရာကောင်းလှပါတယ်။

ပရိသတ်တွေရော ဒီဗီဒီယိုလေးကိုကြည့်ပြီး အသည်းမယားကြဘူးလား။

source - Primitive My Village

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။