ပရိသတ်ကြီးရေ အကျဉ်းထောင်ဆိုတာ ကြမ်းပေ့ရမ်းပေ့ လူဆိုးကြီးတွေကို ထိန်းသိမ်းရတဲ့ နေရာမို့လို့ အတော်လေးကို လုံခြုံရေးတင်းကြပ်ထားထားရတဲ့ နေရာ တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒီလို လုံခြုံရေး တင်းကျပ်ထားတာတောင်မှ တစ်ခါတစ်လေ အကြံဉာဏ်သုံးပြီး ထောင်ဖောက်ကာ ထွက်ပြေးဖို့ ကြိုးစားသူတွေလည်းရှိပါတယ်။ ဒီလို ထောင်ဖောက်ပြေးတာမှ အောင်မြင်ပြီး ထွက်ပြေးလွတ်မြောက်တဲ့သူ အနည်းငယ်ရှိပေမယ့် အများစုကတော့ မအောင်မြင်ပဲ အကျဉ်းထောင်ဝန်မ်းတွေရဲ့ ဖမ်းဆီးခြင်းကို ခံရတာက များပါတယ်။

ဒီတစ်ခါဖော်ပြပေးမယ့် အကြောင်းအရာကလည်း အခုလို ထောင်ထဲကထွက်ပြေးဖို့ ကြိုးစားရင်း မိမိရဲ့ လွတ်လမ်းမှာပြန်ပိတ်မိသွားလို့ အဖမ်းခံလိုက်ရတဲ့ အကျဉ်းသား တစ်ဦးအကြောင်း ဖော်ပြပေးချင်ပါတယ်။ သူ့ရဲ့ နာမည်ကတော့ Raphael valadao ဆိူသူဖြစ်ပြီး သူဟာ ဘရာဇီးလ်နိုင်ငံရဲ့ အကျဉ်းထောင်တစ်ခုမှာ ပြစ်ဒဏ်ကျခံနေရတဲ့သူလည်း ဖြစ်ပါတယ်။ Raphaelဟာ အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံရတဲ့ ရက်အတွင်း မနေနိုင်ပဲ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားခဲ့တာပါ။ ပထမဆုံးအနေနဲ့ သူဟာအကျဉ်းထောင်ရဲ့ နံရံကိုဖောက်ပြီး ထိုအပေါက်ကနေ ထွက်ပြေးဖို့ စီစဉ်ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း အေပါက်ဖောက်တဲ့နေရာမှာ အချိန်အဆ လွဲသွားတာကြောင့် သူ့ရဲ့ ကိုယ်လုံးတစ်ဝက်လောက်အရောက်မှာပဲ အပေါက်မှာ တစ်နေခဲ့ရပါတယ်။ ရှေ့မတိုးမရ နောက်မဆုတ်မရတဲ့ အခြေအနေမှာ လှုပ်ပြီးရုန်းလေ ပိုနာလေဖြစ်လာတာကြောင့် နောက်ဆုံးမှာတော့ မနေနနိုင်တော့ပဲ အော်ဟစ်အကူအညီတောင်းရပါတော့တယ်။ သူ့ရဲ့ အော်သံကြောင့် အကျဉ်းဝန်းထမ်းတွေရောက်ရှိလာကာ နောက်ဆုံးမှာတော့ မီးသတ်ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ နံရံကိုခွဲပြီး ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရပါတယ်။ အဆိုပါသတင်းဟာ နိုင်ငံတကာသတင်းစာမျက်နှာ အများအပြားမှာ ရောက်ရှိခဲ့ပြီး ကမ္ဘာ့အဆိုးဆုံး ထောင်ဖောက်ထွင်းမှု အဖြစ် စာရင်းဝင်သွားခဲ့တာလည်း ဖြစ်ပါတယ်။

Source : Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။