မစ်ဒယ်ဝိတ်တန်း ခါးပတ် ကာကွယ်ပွဲကို အကောင်းဆုံး ထိုးသတ်ပြီး ကာကွယ်နိုင်ခဲ့ပြီဖြစ်တဲ့ အောင်လအန်ဆန်ဟာ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက်လည်း ပြင်ဆင်မှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ လိုက်ဟဲဗီးဝတ်တန်းချန်ပီယံခါးပတ်ကို အောက်တိုဘာ ၁၂ရက်နေ့မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသား ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။      

လက်ရှိအောင်မြင်မှုများစွာသိမ်းပိုက်ထားတဲ့ အောင်လအန်ဆန်းရဲ့ အတိတ်ကပွဲကောင်းတွေကလည်း ပရိသတ်တွေကိုပြန်လည်သတိရစေမှာအမှန်ပဲဖြစ်ပါတယ်။ ချန်ပီယံတစ်ဦးမဖြစ်ခင် နှစ်ပေါင်းများစွာထိုးသတ်ခဲ့သူတစ်ဦးဖြစ်ပြီး ပြိုင်ပွဲပေါင်းများစွာမှာလည်း အနိုင်ရလဒ်များစွာကို သိမ်းပိုက်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ ပြိုင်ပွဲတွေထဲမှာ ALI နဲ့ပြိုင်ပွဲကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တဲ့ပြိုင်ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။   

အဆိုပါ ပြိုင်ပွဲမှာတော့ ပြိုင်ဘက်ကစားသမား ALI ကို ပထမအချီ ၂ မိနစ်အကျော်မှာပဲ အလဲထိုးနိုင်ခဲ့ပြီး အနိုင်ရလဒ်တစ်ခုကိုပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကြား အောင်လအန်ဆန်းနာမည်တစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့ ပြိုင်ပွဲတစ်ပွဲဖြစ်သလို ချန်ပီယံ မဖြစ်မီကာလရဲ့ အကောင်းဆုံးပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေကို အကြိုက်တွေ့စေမယ့် အောင်လအန်ဆန်းနဲ့ ALI တို့ရဲ့ ပွဲဟောင်းလေးကို မျှဝေပေးလိုက်ပါတယ်။

vide0 - One Championship 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။