ဒီကလေးလေးရဲ့နာမည်ကတော့ Ruben Scott ဖြစ်ပြီး သူဟာ အသက် ၂ နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ်လေးတစ်ဦးပဲဖြစ်ပါတယ်။

သူဟာ မိသားစုနဲ့အတူ Maramie က မိကျောင်းဘုံလို့ ခေါ်ဆိုကြတဲ့ နေရာနားက ကျေးလက်ဒေသတစ်ခုမှာ နေထိုင်တဲ့ကလေးငယ်လေးတစ်ဦးပဲဖြစ်ပါတယ်။

သို့ပေမယ့် ဒီကလေးငယ်လေးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောက်သွားခဲ့တာကြောင့် မိဘတွေနဲ့ တာဝန်ရှိသူတွေဟာ ဝိုင်းဝန်းရှာဖွေခဲ့ကြပါတယ်။

၎င်းကလေးလေးပြောက်သွားပြီးနောက်နေ့မှာဆိုရင်လည်း သူ့ရဲ့အဒေါ်ဖြစ်သူဟာ ‘Come home baby please Aunty Reesey misses you we all miss you,' ဆိုပြီး သူ့ရင်ထဲကခံစားရသမျှကို ဖေ့ဘွတ်မှာရေးတင်ခဲ့ပါသေးတယ်။

အဲ့ဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူတော်တော်များများက နည်းလမ်းပေါင်းစုံသုံးပြီး နေ့ရောညရော ဝိုင်းဝန်းရှာဖွေပေးနေကြပါတယ်။

ဒီကလေးငယ်လေးရဲ့ အမေဖြစ်သူကလည်း သူမရဲ့သားဟာ အရမ်းကံကောင်းတဲ့ကလေးငယ်လေးတစ်ဦးပါ သူအိမ်ကိုပြန်ရောက်ကိုရောက်လာမှာပါလို့ ယုံကြည်နေပေမယ့် တချို့မီဒီယာတွေကတော့ ဒီကလေးငယ်လေးဟာ မိချောင်းတွေစားတာခံလိုက်ရပြီလို့ ရေးသားဖော်ပြနေကြတာတွေ့ရပါတယ်။

အကယ်၍ဒီသတင်းသာအမှန်ဖြစ်မယ်ဆိုရင်တော့ မိခင်ဖြစ်သူအနေနဲ့ ရင်ကွဲပက်လက်ငိုကြွေးနေရုံကလွဲလို့ ဘာမှတတ်နိုင်တော့မှာမဟုတ်ပါဘူး။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။