လမ်းပန်းဆက်သွယ်ရေးဟာဆိုရင် လူသားတွေအတွက် အရေးကြီးတဲ့ အရာပဲဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေသာမရှိရင် လူတွေဟာ တစ်နေရာကနေ တစ်နေရာ သွားရောက်ဖို့ အဆင်မပြေလှပါဘူး။ အရေးနဲ့အကြောင်းနဲဆိုရင် ပိုတောင်ဆိုးအုန်းမှာပါ။ ရှေးယခင်တွေတုန်းက လူတွေဟာ လမ်းတွေမဖောက်ခင်မှာ သွားရေးလာရေးခတ်ခဲကာ တစ်နေရာကနေ တစ်နေရာသွားဖို့ အချိန်အတော်ကြာပါတယ်။  

ရှေးခေတ်တွေတုန်းက မြို့တစ်မြို့ကနေ တစ်မြို့ကိုသွားဖို့ လတွေ နှစ်တွေချီတက်ပါတယ်။ ခုချိန်မှာတော့ အဲ့လိုသွားလာရတဲ့ ခရီးတွေက ရက်ပိုင်းတွေ မိနစ်ပိုင်းလောက်တွေပဲ ကြာပါတော့တယ်။ လမ်းတွေရှိတာကတော့ ဟုတ်ပါပြီ.....အဲ့လမ်းက အန္တရယ်ကင် ဘေးကင်းဖို့လဲ လိုပါသေးတယ်။ ဒါပေမဲ့ ခုလမ်းကတော့ တော်တော်ကို အန္တရာယ်ရှိပြီး သွားလာရတာ ခတ်ခဲတဲ့ လမ်းတစ်လမ်းပဲဖြစ်ပါတယ်။ 

အဲ့လမ်းကတော့ Bolivia မှာရှိတဲ့ North Yungas လမ်းပဲဖြစ်ပါတယ်။ နယ်ခံတွေကတော့ သေမင်းလမ်းလို့ ခေါ်ကြပြီး လူတော်တော်များကလဲ အဲ့နာမည်နဲ့ သိကြပါတယ်။ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးနဲ့ ကြောက်စရာအကောင်းဆုံး လမ်းတစ်လမ်းလဲဖြစ်ပါတယ်။ ပုံထဲမှာတွေတဲ့အတိုင်း ကားလမ်းဟာလဲ တစ်လမ်းသွားလို့ထင်ရပေမဲ့ ၂လမ်းသွားကြကာ တော်တော်ကို ကြောက်ဖို့ကောင်းတဲ့လမ်းပဲဖြစ်ပါတယ်။ လမ်းလျှောက်သွားရင်တော့ မဆိုးလှပါဘူး......။ 

Source : List 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။