ဒီနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားခဲ့ကြတဲ့နေရှင်နယ်လိဒ်ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်တဲ့ပေါ်တူဂီအသင်းနဲ့ဆွစ်ဇာလန်အသင်းတိုပွဲစဉ်မှာတော့ပေါ်တူဂီအသင်းက(၃-၁)နဲ့အနိုင်ရရှိပြီးဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့ပါတယ်။ဒီပွဲမှာတော့ပေါ်တူဂီအသင်းရဲ့အနိုင်ဂိုး၃ဂိုးလုံးကိုတော့နာမည်ကျော်တိုက်စစ်မှူးရော်နယ်ဒိုကဟက်ဒရစ်သွင်းပြီးဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာဆွစ်ဇာလန်အသင်းကိုခက်ခက်ခဲခဲကစားခဲ့ရပြီးပွဲကစားချိန်၂၅မိနစ်မှာရော်နယ်ဒိုကပေါ်တူဂီအသင်းအတွက်ဦးဆောင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ပထမပိုင်းမှာတော့တစ်ဖက်နဲ့တစ်ဖက်အပြန်လှန်ထိုးဖောက်ရင်းနဲ့ပဲပထမပိုင်းပြီးဆုံးခဲ့ပါတယ်။ဒုတိယပိုင်းအစမှာတော့ဆွစ်ဇာလန်အသင်းကဖိအားပေးကစားခဲ့ပြီး၅၇မိနစ်မှာပယ်နတီရကာရိုထရီဂွက်စ်ကပယ်နတီနဲ့ခြေပဂိုးတစ်ဂိုးသွင်းယူခဲ့ပါတယ်။

ဗိုလ်လုပွဲတက်ဖို့ဆိုအနိုင်ရဖို့လိုနေတာကြောင့်နှစ်သင်းလုံးကအပြန်အလှန်ထိုးဖောက်ကစားရင်းနဲ့၈၈မိနစ်မှာရော်နယ်ဒိုကပေါ်တူဂီအသင်းကိုဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။ပွဲကစားချိန်ပြီးဆုံးတော့မှာဖြစ်ပေမယ့်လည်းကစားအားမလျော့ပဲတိုက်စစ်ကိုအားပြုနေတဲ့ပေါ်တူဂီအသင်းဟာမိနစ်၉၀မှာအနိုင်သေချာမယ့်ဂိုးတစ်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။အဆိုပါဂိုးကိုလည်းရော်နယ်ဒိုကသွင်းယူပေးခဲ့တာဖြစ်ပြီးအသင်းကိုဗိုလ်လုပွဲတက်ရောက်စေခဲ့ပါတယ်။

Photo:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။