ဒီနေ့မနက်၇နာရီမှာတော့နိုင်ငံတစ်ကာခြေစမ်းပွဲအဖြစ် ဘရာဇီးအသင်းနဲ့ကာတာအသင်းတို့ကစားခဲ့ပြီးဘရာဇီးအသင်းက(၂-ဝ)နဲ့အနိုင်ရခဲ့ပါတယ်။ဘရာဇီးအသင်းဟာကာတာအသင်းကိုအနိုင်ရခဲ့ပေမယ့်သူတို့ရဲ့အဓိကကစားသမားနေမာကိုတော့ဆုံးရှုံးခဲ့ရပါတယ်။

နေမာဟာကလေ့ကျင့်ကွင်းမှာဒဏ်ရာရခဲ့ပေမယ့်ဒီနေ့အဖွင့်ပွဲမှာတော့ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ဘရာဇီးအသင်းဟာပွဲစကတည်းကတောက်လျောက်ဖိအားပေးကစားခဲ့ပြီးပွဲကစားချိန်၁၆မိနစ်မှာတော့ Richarlison ကဘရာဇီးအသင်းအတွက်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဦးဆောင်ဂိုးရပြီးသိပ်မကြာခင်မှာတော့နေမာကပွဲကိုဆက်မကစားနိုင်တော့ပဲကွင်းထဲကနေထွက်သွားခဲ့ရပါတယ်။

နေမာရဲ့ဒဏ်ရာကိုအတိအကျထုတ်ပြန်မကြော်ငြာသေးပေမယ့်ကိုပါအမေရိကပြိုင်ပွဲကိုလက်လွှတ်ရဖွယ်ရှိနေတာပါ။နေမာဟာဒီနှစ်ဘောလုံးရာသီမှာဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတာဖြစ်ပြီး PSG အသင်းမှာလည်းဒဏ်ရာကြောင့်အဓိကပြိုင်ပွဲတွေကိုလွဲချော်ခဲ့ရတာပါ။ပရိသတ်တွေလည်းဒဏ်ရာတွေကြောင့်အဓိကပြိုင်ပွဲတွေကိုလွဲချော်နေတဲ့နေမာကိုလည်းဆုတောင်းပေးလိုက်ကြပါဦးနော်။

SOURCE:Goal.com

Video:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။