ရီးရဲကတော့ ဥရောပမှာ ပြန်လည်ကြီစိုးဖို့ အမ်ဘာပီကို ခေါ်ယူဖို့ပြင်ဆင်နေတဲ့ အပြင် ချလ်စီးတိုက်စစ်မှူးဟာဇတ်ကိုလဲ ခေါ်ဖို့ ပြင်ဆင်နေတာပါ။ အမှန်တကယ်ဟာ အမ်ဘာပီကိုခေါ်ယူလို့ရခဲ့ရင် ဟာဇတ် အမ်ဘာပီ ဂျိုဗစ်တို့လူငယ်အတွဲက အသင်းကြီးတွေကြောက်ရမယ့် တိုက်စစ်အတွဲဖြစ်မှာသေချာပါတယ်။ 

ယနေ့မှာတော့ ချလ်စီးတိုက်စစ်မှူးအီဒင်ဟာဇတ် တော်ဝင်ရီးရဲအသင်းသို့ တရားဝင်ပြောင်းရွှေ့လာခဲ့ဖို့ ရီးရဲအသင်းနဲ့ ချလ်စီးအသင်းတို့အကြား သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီးမကြာခင်ရက်ပိုင်းအတွင်းမှာနှစ်ဖက်အသင်းတွေဟာ တရားဝင်ကြေငြာတော့မှာပဲဖြစ်ပါတယ်။ ဒီသတင်းဟာ ချလ်စီးအသင်းပရိသတ်တွေအတွက် စိတ်မကောင်းစရာပဲဖြစ်ပါတယ်။ 

ရီးရဲအသင်းဟာ ဟာဇတ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ပေါ့ဘာ အဲရစ်ဆင်တို့ကို ခေါ်ယူဖို့ မြှားဦးလှည့်လာခဲ့ပြီလဲဖြစ်ပါတယ်။ ရီးရဲအသင်းကတော့ အောင်မြင်မှုတွေ ပြန်ရဖို့ ငွေအင်အားတော့တင်းစွာနဲ့ နာမည်ကျော်ကစားသမားတွေကို ခေါ်ယူပြီး ဆုဖလားတွေပြန်လည်သိမ်းပိုက်ဖို့ ကြံစည်နေတာဖြစ်ပါတယ်။

SOURCE: THE SUN 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။