ကမ္ဘာ့ပေါ်မှာအကောင်းဆုံးကစားသမားဘယ်သူလဲဆိုတာကတော့ခုချိန်ထိပြောရခက်နေတုန်းပဲဖြစ်ပါတယ်။ဒါ့မယ့်ကမ္ဘာ့အကောင်းဆုံးလို့သတ်မှတ်ထားကြတာကတော့ရော်နယ်ဒိုနဲ့မက်ဆီပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတော့ကမ္ဘာ့အအောင်မြင်ဆုံးကစားသမားတွေပဲဖြစ်ပါတယ်။သူတို့ရဲ့ခြေစွမ်းတွေကြောင့်အသင်းတိုင်းကအားကိုးနေရပြီးအောင်မြင်မှုတွေကိုယူပေးနေတာဖြစ်ပါတယ်။

အသင်းတိုင်းမှာမရှိမဖြစ်ကစားသမားတွေဖြစ်ပြီးသူတို့နှစ်ယောက်တွေ့ဆုံမှုတိုင်းကလည်းပြိုင်ဆိုင်မှုပြင်းထန်တာဖြစ်ပါတယ်။သူတို့ကတော့စံချိန်သစ်တွေကိုတစ်ယောက်ထက်တစ်ယောက်ပိုသာအောင်ကြိုးစားပြီးစံချိန်သစ်တွေပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒါမယ့်ဘယ်လောက်စံချိန်သစ်တွေပဲတင်တင်မက်ဆီရော်နယ်ဒိုကိုမကျော်နိုင်တဲ့အချက်တစ်ခုရှိပါတယ်။

မက်ဆီဟာဒိုလေးထက်ပိုပြီးစံချိန်တွေတင်နိုင်ပေမယ့်လည်းခုချိန်ထိရော်နယ်ဒိုကိုမမှီနိုင်သေးတာပါသက်ဆိုင်ရာလက်ရွေးစင်အသင်းတွေမှာဒိုလေးကိုမကျော်နိုင်တာဖြစ်ပါတယ်။ရော်နယ်ဒိုကတော့ပေါ်တူဂီအသင်းအတွက်အသင်းခေါင်းဆောင်ပီပီအရေးပါတဲ့သွင်းဂိုးတွေသွင်းပြီးအောင်မြင်မှုတွေယူပေးနိုင်ချိန်မှာမက်ဆီကတော့အာဂျင်တီးနားအသင်းအတွက်ဘာမှမစွမ်းဆောင်သေးတာပါ.လက်ရွေးစင်အသင်းကတောင်အနားယူဖို့ဆုံးဖြတ်ထားတဲ့မက်ဆီအတွက်တော့နိုင်ငံအသင်းပြိုင်ဆိုင်မှုတွေမှာဒိုလေးကိုကျော်ဖြတ်နိုင်ဖို့ဆိုတာဝေးသွားခဲ့ပါပြီ။

Photo:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။