ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေဆုံးသူတွေနဲ့အတူ ဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။   

ဒီကနေ့ ဇွန်လ ၆ရက်နေ့ အစောဆုံးမှာလည်း ၁၂ဘီကားနဲ့ Express ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ မင်းတုန်းမြို့နယ် မိုးနတ်ရွာအလွန် မိုင်တိုင်အမှတ် ၁၅၆ အနားတွင် ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး "မင်းတုန်းမြို့နယ် မိုးနတ်ရွာအလွန် မိုင်တိုင်အမှတ်၁၅၆အနားတွင်၁၂ဘီးယဉ်အား တိုးရတနာခရီးသည်တင် Express ကား နောက်မှဝင်တိုက်ခဲ့တာဖြစ်ကြောင်း " မျက်မြင်သက်သေတစ်ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေနဲ့ ထိခိုက်ဒဏ်ရရှိသူဦးရေကို မသိရှိရသေးပဲ လက်ရှိ ကူညီရေးတွေကို အဓိကထားလုပ်ဆောင်လျှက်ရှိကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ ဒီကနေ့ ၁၂ဘီကားနဲ့ Express ယာဉ်တိုက်မှု ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

photos - မြင်ဦးရွာကြီး  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။