တယောက်နဲ့တစ်ယောက်အနားမှာရှိမနေနိုင်ဘဲ အဝေးကနေသာ ချစ်နေကြရတဲ့ LDRS တွေကတော့ တစ်ခါလောက်တွေ့ရဖို့ကိုတောင် အရမ်းကြိုးစားကြနေကြရသူတွေပဲဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက်ကြားမှာ မိုင်တွေထောင်ချီအောင်ကွာဝေးနေတဲ့ ချစ်သူနှစ်ယောက်အတွက်ဆိုရင်လည်း အပြင်မှာတွေ့ဖို့အတွက် ခက်ခဲလှသလို Video call လေးပြောလိုက် မက်ဆေ့လေးပို့လိုက်နဲ့သာ အလွမ်းဖြေနေကြရတာပဲဖြစ်ပါတယ်။

လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း LDRS တွေကို အားလဲကြသွားစေနိုင်သလို ကြည်နူးမှုတွေလည်း ဖြစ်ပေါ်စေနိုင်တဲ့ ဗီဒီယိုလေးတစ်ခု ပျံ့နှံ့နေတာတွေ့ရပါတယ်။

ဒီဗီဒီယိုလေးထဲက Marybel ဆိုတဲ့မိန်းကလေးနဲ့ Oeds ဆိုတဲ့ကောင်လေးတို့ဟာ တယောက်နဲ့တစ်ယောက်ကြားမှာ မိုင်ပေါင်း ၄၅၀၀ လောက်ကွာဝေးနေတဲ့ LDRS တွေပဲဖြစ်ပါတယ်။

သူတို့နှစ်ယောက်တွေ့ဆုံဖို့ရာကလည်း ခက်ခဲလှတာကြောင့် Marybel ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်တဲ့ သူမရဲ့အထက်တန်းပြီးဆုံးတဲ့ ကျောင်းကပွဲကို သူမရဲ့ချစ်သူကောင်လေးလာလိမ့်မယ်လို့ တွေးတောင်မတွေးထားမိပါဘူး။

သို့ပေမယ့် သူမကိုဘယ်လောက်ချစ်ကြောင်းသက်သေပြချင်တဲ့ ကောင်လေး Oeds ဟာ မိုင်ပေါင်း ၄၅၀၀ လောက်ကို ခရီးနှင်လာခဲ့ကာ Marybel ရဲ့ကျောင်းကပွဲထံကို surprise တစ်ခုအနေနဲ့ရောက်အောင်လာခဲ့ပါတယ်။

ဒီအကြောင်းအရာကိုတော့ Oeds ဟာ Marybel ရဲ့သူငယ်ချင်းတွေနဲ့တိုင်ပင်ထားခဲ့ပြီး တကယ်ရောက်လာခဲ့ချိန်မှာတော့ Marybel တစ်ယောက်ဘယ်လောက် surprise ဖြစ်ပြီး ပျော်ရွှင်သွားလဲဆိုတာ ပရိသတ်တွေ အောက်ကဗီဒီယိုလေးထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါဦးနော်။

VIDEO CREDIT -DAILY MAIL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။