အက်စတာပင်ဟာ ကွန်ပိုဆစ်တီး မျိုးရင်း တွင်ပါဝင်ပြီး အက်စတာမှာဂရိဘာသာစကားဖြစ်ကာ ကြယ် ပွင့်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီအပင်မှပန်းပွင့်ဟာ ကြယ်ပွင့်နှင့် သူ့ရဲ့ ရောင်ခြည်များ ဘေးသို့တန်းထွက်နေသည်နှင့် တူတာကြောင့် အက်စတာလို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရှိ ဥယျာဉ်များတွင် စိုက်သော အက်စတာ မျိုးကို ချိုင်းနားအက်စတာဟုခေါ်ပြီး ချိုင်းနားအက်စတာမျိုး ၏အပွင့်မှာ မိုက်ကယ်လမတ်ဒေဆီခေါ် အခြားအက်စတာပန်း မျိုး၏ အပွင့်ထက် နှစ်ဆကြီးပါတယ်။ အရောင်တွင်လည်းအဖြူမှ စပြီး နှင်းဆီနှင့်ကြက်သွေးရောင်အပြင် အပြာနှင့်မရမ်းစေ့ရောင် အထိ အရောင်အမျိုးမျိုးကွဲလျက်ရှိပါတယ်။

အခြား အက်စတာပန်းတစ်မျိုးကို မိုက်ကယ်လမတ် ဒေဆီဟုခေါ်ခြင်းမှာ ထိုပန်းဟာ စက်တင်ဘာလတွင်ကျင်းပ သည့် မိုက်ကယ်လမတ်ခေါ် ဗရင်ဂျီပွဲနေ့အချိန်နှင့် တစ်ပြိုင် တည်း ပွင့်တတ်သောကြောင့် ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံတွင် အလေ့ကျပေါက်သော အက်စတာပင်ကို ရုက္ခဗေဒအမည်ဖြင့် အက်စတာထရိုင်ပိုလီယမ် ဟုခေါ်ပြီး အင်္ဂလိပ် ဘာသာဖြင့် ပင်လယ်အက်စတာဟုခေါ်ကြပါတယ် ။ ပင်လယ် အက်စတာဟု ခေါ်ရခြင်းအကြောင်းကတော့ ဒီအပင်တွေဟာ ပင်လယ်ကမ်းရိုးတန်း တစ်ဝိုက်ရှိ ညွန်ပျောင်းများပေါ်တွင် အလေ့ကျ ပေါက်ရောက်ကြခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

အလွန်ထင်ရှားပြီး လူကြိုက်အများဆုံး နွေရာသီတွင် ပေါက်တဲ့ ပန်းမျိုးထဲမှာ အက်စတာပန်းဟာ တစ်ခု အပါအဝင်ြ့ဖစ်ပြီး လယ်ကွင်းများတွင်ပေါက်ရောက် လေ့ရှိတဲ့ ဒေစီပန်းရဲ့ အမျိုးအနွယ်လည်း ဖြစ်ပါတယ် ။ မိုင်ကယ်မတ်ဒေစီခေါ် အက်စတာပန်းပင်မျိုးကို နွေကူး ရာသီအတွင်း၌ ကိုင်းချိုး၍မျိုးပွားစိုက်ယူကြကာ ထိုအက်စတာပန်းပင်မျိုးဟာ အစေ့မှစိုက်ပျိုးယူလို့ မရနိုင်ပေမယ့် ချိုင်းနား အက်စတာပန်းမျိုးကိုတော့ အစေ့မှစိုက်ပျိုးယူရနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီလို စိုက်ပျိုးထားတဲ့ ပန်းပင်ဟာ တစ်နှစ်ခံပင်ဖြစ်ကာ ပန်းပွင့်ပြီးနောက် သေသွားတတ်ပါတယ်။

Source : wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။