ကူးသန်းသွားလာရေးအတွက် ဒုတိယမြောက်အရေးကြီးကဏ္ဍကပါဝင်နေတဲ့ ရေးကြောင်း ခရီးကိုပြည်တွင်း ခရီးသည်များစွာအသုံးလေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ ရေကြောင်း ခရီးကတော့ မကြာခဏနစ်မြှုပ်မှုနဲ့အတူ သေဆုံးသူတွေများပြားခဲ့တာလည်းတွေ့ရပါတယ်။ ရေကြောင်း သွားလာသူများအတွက် (Life Jacket) အသက်ကယ်ဝတ်စုံများ ဝတ်ဆင်ရေးပညာပေးလုပ်ဆောင်မှုများကို စတင်လုပ်ဆောင်လျှက်ရှိတာတွေ့ပါတယ်။  

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ရေလမ်းကြောင်း ခရီးသွားပြည်သူများအား (Life Jacket) အသက်ကယ် ဝတ်စုံများ ဝတ်ဆင်ရေး စည်းရုံးခြင်းနှင့် သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပြုလုပ်ပေးခဲ့ကြောင်းသိရပါတယ်။ အဆိုပါလုပ်ဆောင်မှုကို ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ဒု-မီးသတ်ဦးစီးမှူး ဆန်လှိုင်း၊ ဒု-မီးသတ်ဦးစီးမှူး ကျော်စိုးနိုင်တို့ ဦးစီး၍ တပ်ဖွဲ့ဝင် ၁၀ ဦးတို့ဖြင့် မနေ့က နေ့လယ် ၁ နာရီအချိန်က အမှတ်(၁) နယ်စပ်အဝင်/အထွက်ဂိတ် ဆိပ်ကမ်း၌ ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။  

ယခုအခါ မုတ်သုံဝင်ရောက်ပြီး မိုးကြိုကာလသို့ ရောက်ရှိလာပြီဖြစ်ရာ မိုးသည်းထန် စွာ ရွာသွန်းမှုကြောင့် မြစ် ရေကြီးခြင်း၊ တောင်ကျချောင်းရေများ အရှိန်ပြင်းစွာ စီးဆင်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မုန်တိုင်းဝင်ရောက် ခြင်း စသည်တို့ ဖြစ်ပွားလာနိုင်ပြီး ရေလမ်းကြောင်းခရီးသွားပြည်သူများအနေဖြင့် ရေယာဉ် တိုက်မှုများ၊ တိမ်မှောက်မှုများ ဖြစ်ပွားလာနိုင်သဖြင့် မြို့နယ်အတွင်းရှိ ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် မြစ်ချောင်း ကမ်းပါးများအနီးတွင် နေထိုင်ကြသော ပြည်သူများ၊ ပင်လယ်၊ မြစ်၊ ချောင်းများတွင် သွားလာနေသော ရေယာဉ်စီး ခရီးသည်များ အသက်ကယ်ဝတ်စုံများ (Life Jacket) ထားရှိရေးနှင့် ဝတ်ဆင် အသုံးပြုရေး၊ လုပ်သားပြည်သူများအား (Life Jacket) အသက်ကယ်ဝတ်စုံများ ဝတ်ဆင်ရေး စည်းရုံးဆောင်ရွက်ခြင်းနှင့် “သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်” များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။