ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီကနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် H National University of Public Service သို့ရောက်ရှိခဲ့ပြီး ပါမောက္ခချုပ် Dr. Andras koltay နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအား မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ ပြည်တွင်းငြိမ်း ချမ်းရေးနှင့် အမျိုးသားပြန်လည်သင့် မြတ်ရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများ၊ ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်း စဉ်များ၊ မြန်မာ-ဟန်ဂေရီ နှစ်နိုင်ငံပညာရေး ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ဟောပြောပို့ချခဲ့ပါတယ်။ 

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျောင်းသား ကျောင်းသူများသိလိုသည့် မေးခွန်းများအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ်။ ဒါအပြင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က National University of Public Service ပါမောက္ခချုပ်အား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီး ဟန်ဂေရီနိုင်ငံ အောက်လွှတ်တော်သို့ရောက်ရှိကာ ဟန်ဂေရီနိုင်ငံ လွှတ်တော်ဒုတိယဥက္ကဋ္ဌ Mrs. Marta Matra နှင့် တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံပွဲတွင် မြန်မာနှင့်ဟန်ဂေရီနိုင်ငံတို့အကြား ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် တူညီစွာကြုံတွေ့ ခဲ့ရသည့်အချက်များအား အပြန်အလှန်ဖလှယ်ရေးကိစ္စ၊ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင် ရွက်ရေးနှင့် လွှတ်တော်များ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးကြကြောင်း သိရပါတယ်။ 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီနိုင်ငံလွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr. Zsolt Nemeth က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရပါတယ်။ ဒါအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ ဟန်ဂေရီနိုင်ငံ ရောက် မြန်မာ ပညာတော်သင်များအား ခေတ္တတည်းခိုနေ သည့် Kempinski ဟိုတယ်၌ တွေ့ဆုံကာ စီးပွားရေးဖိုရမ်ဖွင့်ပွဲတို့သို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ မြန်မာသံ အမတ်ကြီး ဦးမျိုးအေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

source - the Mirror Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။