နေရှင်နယ်လိဒ်ဆီမီးဖိုင်နယ်နောက်ဆုံးပွဲစဉ်ကိုတော့ဒီနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားသွားခဲ့ပြီးနာမည်ကြီးအင်္ဂလန်အသင်းကဟော်လန်အသင်းကိုအချိန်ပိုသွင်းဂိုးတွေနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ဒီပွဲမှာတော့အင်္ဂလန်အသင်းဟာဦးဆောင်ဂိုးစရခဲ့ပေမယ့်နောက်တန်းအမှားတွေများခဲ့တာကြောင့်ရှုံပွဲကြုံခဲ့ရတာပါ။ဖိုင်နယ်တက်ရောက်သွားတဲ့ဟော်လန်အသင်းကတော့ဗိုလ်လုပွဲမှာပေါ်တူဂီအသင်းနဲ့ရင်ဆိုင်ကစားရတော့မှာဖြစ်ပါတယ်။

ဒီပွဲကတော့ပရိသတ်တွေအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီးပွဲစကလည်းပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။တစ်ဖက်ကိုတစ်ဖက်တိုက်စစ်ဆင်ကစားရင်းနဲ့ပွဲကစားချိန်၃၂မိနစ်မှာရက်စ်ဖိုဒ့်ကအင်္ဂလန်အသင်းအတွက်ပယ်နတီကနေဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ကျန်ပွဲကစားချိန်မှာတော့နှစ်သင်းလုံးဟာထိရောက်တဲ့တိုက်စစ်ဆင်မှုတွေမရှိတာကြောင့်ပထမပိုင်းအပြီးမှာအင်္ဂလန်အသင်းက(၁-ဝ)နဲ့အနိုင်ရခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ဟော်လန်အသင်းဟာခြေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့်ထိရောက်တဲ့တိုက်စစ်ဆင်မှုတွေကိုတော့မတွေ့ရခဲ့ပါဘူး။ပွဲကစားချိန်ပြီးဆုံးဖို့နီးလာတာနဲ့အမျှဟော်လန်အသင်းကဖိအားပေးကစားခဲ့ပြီး၇၃မိနစ်မှာဒီပေးရဲ့ဖန်တီးပေးမှုကနေဒီလိုက်ကဟော်လန်အသင်းအတွက်ခြေပဂိုးသွင်းယူခဲ့ပါတယ်။ကျန်ပွဲကစားချိန်မှာဂိုးတွေဆက်မသွင်းနိုင်တော့တာကြောင့်ဒုတိယပိုင်းပြီးဆုံးခဲ့ပြီးအချိန်ပိုဆက်ကစားခဲ့ပါတယ်။အချိန်ပိုမှာတော့အင်္ဂလန်အသင်းဟာအမှားများခဲ့ပြီး ၉၇မိနစ်မှာဝေါ်ကာက ကိုယ့်ဂိုးကိုသွင်းယူခဲ့တာကြောင့်ဟော်လန်အသင်းဦးဆောင်ဂိုးရခဲ့ပြီး၁၁၄မိနစ်မှာပဲ Promes ကအနိုင်ဂိုးသွင်းယူပြီးဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပါတယ်။

SOURCE:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။