ဒီနေ့မှာတော့မြန်မာယူ၂၂အသင်းမှာဗီယက်နမ်ယူ၂၂အသင်းနဲ့ဗီယက်နမ်နိုင်ငံမှာခြေစမ်းမှာဖြစ်ပါတယ်။မြန်မာယူ၂၂အသင်းကတော့ပြီးခဲ့တဲ့အဓိကပြိုင်ပွဲတွေမှာအောင်မြင်မှုမရခဲ့တာကြောင့်ကြိုးစားမှုတွေနဲ့ပြင်ဆင်နေတာဖြစ်ပါတယ်။နိုင်ငံတစ်ကာပြိုင်ပွဲအဖြစ်အရှေ့တောင်အာရှမှာပြိုင်ဆိုင်မှုပြင်းထန်တဲ့ဆီးဂိမ်းပြိုင်ပွဲရှိတာကြောင့်အကောင်းဆုံးပြင်ဆင်မှုတွေလုပ်နေတာဖြစ်ပါတယ်။

ဗီယက်နမ်အသင်းဟာအာစီယံဒေသတွင်းမှာအင်အားကြီးအသင်းဖြစ်တာကြောင့်မြန်မာအသင်းအတွက်တော့ဒီခြေစမ်းပွဲဟာအတွေ့ကြုံကောင်းတွေအများကြီးရမှာအသေချာပါပဲ။နည်းပြချုပ်ကလည်းအသင်းကိုပိုမိုကောင်းမွန်လာအောင်အကောင်းဆုံးသောလေ့ကျင့်မှုတွေနဲ့တည်ဆောက်နေတာကြောင့်ဒီနေ့ပွဲကတော့ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။

ဒီခြေစမ်းပွဲကိုတော့ဗီယက်နမ်နိုင်ငံ ဗီယက်ထရွိင်ကွင်းအတွင်းမှာယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေဟာခြေစမ်းပွဲမစခင်အလိုကတည်းကကွင်းမြက်ခင်းတွေကိုသေချာပြုပြင်ထားတဲ့ပုံရိပ်လေးတွေကလည်းချီးကျူးစရာပဲဖြစ်ပါတယ်။အိမ်ရှင်အဖြစ်ခြေစမ်းကစားပေမယ့်လည်းကစားမယ့်ကွင်းကအစသေချာစွာစီမံထားတဲ့ပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:On Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။