ဒီပုံလေးမှာတော့ အသက် ၁၅နှစ်အရွယ် Anthony Borgesဆိုတဲ့ ကျောင်းသားလေးရဲ့ စိတ်ထားမွန်မြတ်လှတဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ တစ်နေ့မှာတော့ သူတို့ရဲ့ စာသင်ကျောင်းထဲကို သေနတ်ကိုင်ထားတဲ့ လူတစ်ယောက်ဝင်လာပြီး တွေ့သမျှလူတိုင်းကို ပစ်သတ်ခဲ့တာကြောင့် လူ ၁၇ဦးသေဆုံးခဲ့ရပြီး အာ့ဒီ သေနတ်သမားဟာ Anthonyတို့ရဲ့ စာသင်ခန်းထဲကို ဝင်လာခဲ့ချိန်မှာတော့ Anthony ဟာ တုံ့ဆိုင်းမနေပဲ စာသင်ခန်းတံခါးကို ခုံတွေနဲ့ ပိတ်ဆို့ဖို့ ကြိုးစားခဲ့ပါတယ်။ သူံကြိုးစားမှုကြောင့် အတန်းထဲက လူအယောက်၂၀ရဲ့ အသက် ကို ကာကွယ်နိုင်ခဲ့သော်လည်း Anthony ကတော့ သေနတ်သမားက အပြင်ကနေပစ်လိုက်တဲ့ ကျည်ဆန်ကိုထိသွားခဲ့ရပါတယ်။ ဒါပေမယ့် လည်းဖိုးကံကောင်းလေး Anthony ကတော့ အသက်အန္တရာယ်စိုးရိမ်စရာမရှိပဲ သက်သာလာခဲ့ပြီး လူတိုင်းရဲ့ ချီးကျူး ဂုဏ်ပြုတာကို ခံခဲ့ရပါတယ်။

အခုပုံရိပ်လေးကတော့ ဆရာဝန်တွေရဲ့ ဘဝကို ထင်ဟပ်စေတဲ့ပုံရိပ်လေးလို့တောင် ပြောလို့ရပါတယ်။ ဒီပုံလေးထဲမှာ ခွဲစိတ်ဆရာဝန်တစ်ယောက်ဟာ နာရီပေါင်း ၂၈နာရီနီးပါး ခွဲစိတ်မှုတွေ ပြုလုပ်ပြီးသွားတဲ့အချိန်မှာတော့ သူ့ရဲ့ အနားယူချိန်လေးမှာ အခုလို ဖြစ်သလိုလေးပဲ အနားယူနေခဲ့ရတဲ့ပုံရိပ်လေးပဲ ဖြစ်ပါတယ်။

အခုမြင်တွေ့နေရတဲ့ ရဲသားကြီး ကတော့အင်္ဂလန်နိုင်ငံရဲ့ မြို့တော်လန်ဒန်မှာ အလွန်နာမည်ကြီးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ မိမိကိုယ်ကို အဆုံးစီရင်တတ်ကြတယ်လို့ နာမည်ကြီးနေတဲ့ Golden Bridge တံတားကြီးမှာလာပြီး သတ်သေကြတဲ့ လူပေါင်း ၂၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ တန်ဖိုးရှိလှတဲ့ လူ့အသက်တစ်ချောင်းကို မဆုံးရှုံးရလေအောင် ကယ်တင်ပေးနိုင်တဲ့ ဒီရဲသားကြီးကတော့ တစ်ကယ့်ကို ချီးကျူးစရာပါပဲ….

Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။