ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာရှိတဲ့ ABC သတင်းဌာနရုံးချုပ်ဟာ ဝင်စီးခံခဲ့ရတယ်လို့သိရပါတယ်။

၎င်းရုံးချုပ်ကို ဝင်ရောက်စီးနင်ခဲ့တာကတော့ သြစတြေးလျ ရဲတပ်ဖွဲ့ပဲဖြစ်ပါတယ်။

ယခုလိုဝင်ရောက်စီးနင်းမှုနဲ့ပတ်သတ်ပြီး သြစတြေးလျရဲတပ်ဖွဲ့ကတော့ ABC ဟာကန့်သတ်သတင်းအချက်အလက် ပေါက်ကြားမှုဆိုရင်ရာ ရာဇဝတ်မှုနဲ့ညိနေတာကြောင့် စီးနင်းရှာဖွေခဲ့တာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဟာ ဒီဖြစ်ရပ်အနေနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်တွေကို လက်ခံမှုနဲ့ပတ်သတ်တဲ့ ရာဇဝတ်မှုပါဝင်ဝင်ပတ်သတ်နေတယ်ဆိုပြီး သူတို့ရဲ့ကြေညာချက်ကို ပြင်ဆင်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိအချိန်ထိတော့ စီးနင်းမှုနဲ့ပတ်သတ်ပြီး တိကျသေချာတဲ့ အကြောင်းပြချက် ထုတ်ပြန်တာမျိုးတော့ မတွေ့ရှိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကတော့ သြစတြေးလျ အာဏာပိုင်တွေဟာ သတင်းထောက်တွေအနေနဲ့ သက်ဆိုင်သူအတွက်သီးသန့်ကန့်သတ်ထားတဲ့ သတင်းအချက်အလက်တွေ စုဆောင်းထားရင် ထောင်ကျနိုင်တယ်လို့ ပြောကြားခဲ့ကြောင်းသိရပါတယ်။

Source- The Telegraph 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။