အမေရိကန်က တမျိုးမျိုး လာပြီး ရန်စတိုက်ခိုက်ရင် ညှာတာမှု လုံးဝမထားဘဲ တုန့်ပြန် တိုက်ခိုက်သွားမယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။

အမေရိကန် လေယာဉ်သင်္ဘောကြီး တစီးနဲ့ စစ်သင်္ဘောတချို့ ကိုရိယားကှွန်းဆွယ်ဘက်ကို ချဉ်းကပ်လာတာနဲ့ ပတ်သက်ပြီး မြောက်ကိုရိယား အစိုးရသတင်းဌာနက ကြေညာချက်ထုတ်ပြန်တာပါ။

တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေ နဲ့ တောင်ကိုရီးယား သမ္မတ အိမ်တော်တို့ကို မိနစ်ပိုင်းအတွင်း ပြားပြားဝပ်သွားစေနိုင်တယ်လို ့ လဲ ဆိုပါတယ်။

ဂျပန်ကလဲ အခြေအနေကို စောင့်ကြည့်နေပြီး လေကြောင်း ကင်းလှည့်ထောက်လှမ်းရေးတွေ တိုးမြှင့်ထားတယ်လို့ ဒီနေ့ ကြေညာပါတယ်။

မြောက်ကိုရိယားက နျုကလီးယား စမး်သပ်မှု တစ်ရပ် လုပ်အုံးမယ်လို့ အရင် သောကြာနေ့က ကြေညာခဲ့ပြီးနောက် အမေရိကန်က စစ်သင်္ဘောတွေ လွှတ်လိုက်တာ ဖြစ်ပါတယ် ။

သတင်းအရင်းမြစ် RFA Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။