ပြည်တွင်းရိုးရာအားကစားနည်းတစ်ခုဖြစ်တဲ့ ပိုက်ကျော်ခြင်းပြိုင်ပွဲကတော့ လက်ရှိ ဆီးဂိမ်းအားကစားနည်းတစ်ခုအဖြစ်ကျင်းပလျှက်ရှိတာတွေ့ရပါတယ်။ ပြည်တွင်းနေရာအနှံ့အပြားမှာ မကြာခဏကျင်းပလေ့ရှိပြီး ပြိုင်ပွဲကြီးများစွာကိုလည်း ပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ ၂ဝ၁၉ခုနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် (၂၅)မြို့နယ် အမျိုးသားနှင့် (၅)ခရိုင် အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဇွန်လ ၂ ရက်နေ့မှ စတင်ယှဉ်ပြိုင် ကျင်းပခဲ့ကြောင်းသိရပါတယ်။  

အဆိုပါ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် (၂၅)မြို့နယ် အမျိုးသားနှင့် (၅)ခရိုင် အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲရဲ့ ဆုပေးပွဲ အခမ်းအနားကို မနေ့က နံနက် ၁ဝ နာရီမှာ ပြိုင်ပွဲကျင်းပသည့် တိုင်းဒေသကြီး မိုးလံလေလုံ အားကစားခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ (၅)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမား ဆုကို မကွေးခရိုင်အသင်းမှ မိုင်နောင်နောင်ဇင်က ရရှိပြီး ပထမဆုကို မင်းဘူးခရိုင် အသင်းနှင့် ဒုတိရဆုကို ဂန့်ဂေါခရိုင် အသင်းမှ ရရှိခဲ့ပါတယ်။ 

အသက်(၂၅)နှစ်အောက် (၂၅)မြို့နယ် အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုကို မကွေးမြို့နယ်အသင်းမှ မောင်အောင်ဇေယျာက ရရှိခဲ့ပါတယ်။ ဒါအပြင် ပထမ မကွေးမြို့နယ်၊ ဒုတိယ သရက်မြို့နယ်နှင့် တတိယ မင်းတုန်းမြို့နယ် အသင်းတို့မှ အသီးသီး ရရှိကာ ပြိုင်ပွဲဆုရ အသင်းများအား တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းလိုင်နှင့် တာဝန်ရှိသူတို့က ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများ ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။