မန်ယူအသင်းကိုပြောင်းရွေ့ဖို့သဘောတူညီမှုရထားခဲ့တဲ့ဆွမ်ဆီးတောင်ပံကစားသမား Daniel James ကတော့ခုမှာမန်ယူအသင်းနဲ့တူတူဆေးစစ်မှုအောင်မြင်သွားပြီဖြစ်ပါတယ်။အစောကတည်းကခေါ်ယူဖို့သဘောတူညီမှုရထားခဲ့ပေမယ့်ခုမှာတော့ဆေးစစ်ပြီးပြီဖြစ်တာကြောင့်မကြာခင်မှာမန်ယူအသင်းနဲ့စာချုပ်ချုပ်ဆိုသွားဖို့ရှိနေတာပါ။

မန်ယူအသင်းဟာမနှစ်ကပရီးမီးယားလိဒ်မှာရလဒ်တွေဆိုးရွားနေတာကြောင့်လူငယ်ကစားသမားတွေနဲ့အသင်းကိုပြန်တည်ဆောက်ချင်နေတာဖြစ်ပါတယ်။အသင်းရဲ့အဓိကကစားသမားတွေကလည်းထွက်ခွာမှာဖြစ်တာကြောင့်လူငယ်ခြေတက်ကစားသမားတွေကိုအရခေါ်ယူနေတာဖြစ်ပါတယ်။အေဂျက်လူငယ်ကစားသမားလေးကိုလည်းခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။

Daniel James ကတော့ဆွမ်ဆီးအသင်းအတွက်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပြီးအသင်းအတွက်အရေးပါတဲ့ဂိုးတွေကိုသွင်းယူပေးနေတာဖြစ်ပါတယ်။မြန်ဆန်တဲ့ပြေးအားတွေကြောင့်မန်ယူအသင်းအတွက်တော့ဒီနှစ်ရာသီရဲ့အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်ခဲ့ပါပြီ။ကစားသမားသစ်တွေနဲ့အသင်းကိုပြန်တည်ဆောက်နေတဲ့မန်ယူအသင်းလာမယ့်ပရီးမီးယားလိဒ်မှာဘယ်လိုရလဒ်တွေရအောင်စွမ်းဆောင်နိုင်မလဲဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

SOURCE:Sky Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။