မစ်ဒယ်ဝိတ်တန်း ခါးပတ် ကာကွယ်ပွဲကို အကောင်းဆုံး ထိုးသတ်ပြီး ကာကွယ်နိုင်ခဲ့ပြီဖြစ်တဲ့ အောင်လအန်ဆန်ဟာ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက်လည်း ပြင်ဆင်မှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ လိုက်ဟဲဗီးဝတ်တန်းချန်ပီယံခါးပတ်ကို အောက်တိုဘာ ၁၂ရက်နေ့မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသား ဟဲဗီးဝိတ်တန်းက ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။    

အသက် ၄၁နှစ် အရွယ်ရှိ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာဟာ အရပ် ၆ပေ ၃လက်မရှိပြီး MMA ပွဲပေါင်း ၂၄ပွဲမှာ ၁၆ပွဲနိုင်ထားပြီး ၇ပွဲ ရှုံးထားသူ ဖြစ်ပါတယ်။ MMA ချန်ပီယံနှစ်ဦးဖြစ်တဲ့အပြင် ယခင်ကသင်ကြားခဲ့တဲ့ ဆရာတူဖိုက်တာနှစ်ဦးလည်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ အောင်လအန်ဆန်းကတော့ ဒီနှစ် ၂၀၁၉ ခုထဲမှာ ချန်ပီယံနှစ်ခုအတွက် အကောင်းဆုံးကာကွယ်မှုတွေပြုလုပ်တာဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိ လိုက်ဟဲဗီးဝိတ်ချန်ပီယံကာကွယ်ပွဲအတွက် ပြင်ဆင်မှုတွေကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။   

ပြိုင်ဘက်ဖိုက်တာ ဗီရာကတော့ ဟဲဗီးဝတ်ချန်ပီယံတစ်ဦးဖြစ်တာကြောင့် ခန္ဓာကိုယ်ပိုင်းကွာခြားလွန်းတာကြောင့် ပိုမိုပြင်ဆင်မှုတွေလုပ်ဆောင်နေရပြီး ယခင်ထက်ကြံ့ခိုင်မှုရှိအောင်လေ့ကျင့်နေရကြောင်းသိရပါတယ်။ နေ့စဉ် ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုအဓိကထားပြုလုပ်နေရပြီး အကောင်းဆုံးတိုက်စစ်ဖွင့်နိုင်ဖို့ ပြင်ဆင်လျှက်ရှိတာတွေ့ရပါတယ်။ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်အတွက်ပြင်ဆင်မှုတွေအပြင်းအထန်ပြုလုပ်နေရတဲ့ အောင်လအန်ဆန်းရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

VIDE0 - AUNG LA NSANG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။