Michael Tumagan လို့ခေါ်တဲ့အမျိုးသားဟာ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးဖြစ်သလို Mobile Legend ဂိမ်းကို အလွန်အမင်းနှစ်သက်စွဲလမ်းသူတစ်ဦးပဲဖြစ်ပါတယ်။

အရင်ကတော့ သူဟာကျမ်းမာရေးအလွန်ကောင်းပြီး မော်ဒယ်တစ်ယောက်လို ချောမောလှပတဲ့ကောင်းလေးတစ်ယောက်ဆိုပေမယ့် Mobile Legend ဂိမ်းကို အရမ်းဆော့လွန်းပြီး အိပ်ချိန်စားချိန်မမှန်တော့တာကြောင့် သူရဲ့ကျန်းမာရေးဟာစတင်ဆိုးရွားလာခဲ့ပါတယ်။

ဒါပေမယ့်သူဟာသိပ်ဂရုမစိုက်ဘဲ ဂိမ်းကိုပဲအရမ်းဆော့လွန်းပြီး ကျန်းမာရေးကိုဂရုမစိုက်တာကြောင့် အူမကြီးကင်ဆာကို စတင်ခံစားလာခဲ့ရပြီး အချိန်တိုအတွင်းမှာတင် အူမကြီးကင်ဆာ အဆင့် ၄ ကိုရောက်ရှိသွားခဲ့ပါတယ်။

ထိုသို့ရောက်ရှိသွားခဲ့ချိန်မှာတော့ သူ့ရဲ့ခန္ဓာကိုယ်ဟာ ယခုမြင်တွေ့နေရတဲ့ပုံထဲကအတိုင်း အရိုးပေါ်အရေတင်ဖြစ်နေပြီး သူကိုယ်တိုင်လည်း နောင်တအရမ်းရနေမိပြီဖြစ်ကြောင်းကို ဝန်ခံခဲ့ပါတယ်။

သို့ပေမယ့် နောင်တရတဲ့အချိန်ကအရမ်းနှောင်းနေပြီး သူရဲ့ဗိုက်ထဲက ကင်ဆာကြိတ်ရဲ့အမြစ်တွေက ဖယ်ရှားလို့မအောင်ကိုအမြစ်တွယ်နေပြီဖြစ်သလို ဖယ်ရှားလိုက်ပြီဆိုရင်လည်း အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ ဖယ်ရှားပစ်ရမှာဖြစ်တာကြောင့် ခွဲခန်းထဲမှာတင် သေဆုံးသွားနိုင်တဲ့အခြေအနေကိုရောက်နေပြီပဲဖြစ်ပါတယ်။

နောင်တတွေကိုရင်ဝယ်ပိုက်ပြီး အသက်သေမဲ့နေ့ကိုထိုင်စောင့်နေရတဲ့ Michael Tumagan ဟာဆိုရင်လည်း ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာတော့ အသက်သေဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။

နောင်တဆိုတာ နောင်မှရတတ်ကြတယ်ဆိုပေမယ့် ပရိသတ်တွေလည်း ဒီကောင်လေးရဲ့အဖြစ်ကို သင်ခန်းစာယူပြီး အချိန်မီပြင်သင့်တာပြင်နိုင်စေဖို့အတွက် ဒီသတင်းလေးကိုဖော်ပြပေးလိုက်ရပါတယ်။

source - Michael Tumagan facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။