စပိန်ထိပ်သီးကလပ်ရီးရဲမက်ဒရစ်အသင်းကတော့နောက်နှစ်ဘောလုံးရာသီအတွက်သူတို့အသင်းရဲ့ဝတ်စုံအသစ်ကိုမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။စပိန်ထိပ်သီးရီးရဲအသင်းကတော့သူတို့အသင်းရဲ့ဝတ်စုံကိုအပြောင်းအလဲများစွာမလုပ်ခဲ့ပေမယ့်ပိုပြီးကြည့်ကောင်းနေတာတော့အမှန်ပဲဖြစ်ပါတယ်။

ရီးရဲအသင်းဟာပြီးခဲ့တဲ့ဘောလုံးရာသီမှာရလဒ်တွေဆိုးရွားခဲ့တာကြောင့်ဒီနှစ်မှာတော့ကစားသမားကောင်းတွေဝယ်ယူပြီးအသင်းကိုအင်အားတောင့်တင်းအောင်လုပ်နေတာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းရဲ့အဓိကကစားသမားဟာဇက်ကိုလည်းပြောင်းရွေ့ကြေးစံချိန်တင်နဲ့ခေါ်ယူခဲ့တဲ့ရီးရဲအသင်းကတော့နောင်နှစ်ရာသီအတွက်အင်အားတွေအပြည့်ဖြစ်နေပြီဖြစ်ပါတယ်။

ပရိသတ်တွေကလည်းအောင်မြင်မှုတွေရဖို့မျှော်လင့်နေတာဖြစ်ပြီးကမ္ဘာ့အကောင်းဆုံးကစားသမားတွေခေါ်ယူထားတဲ့ရီးရဲအသင်းအတွက်တော့နောက်နှစ်ဘောလုံးရာသီကစိတ်ဝင်စားစရာကောင်းနေတာဖြစ်ပါတယ်။ခုမှာလည်းအသင်းရဲ့နောက်နှစ်ရာသီဝတ်စုံကိုပရိသတ်တွေထံချပြလိုက်ပြီဖြစ်ပြီးနောက်ထပ်ဘယ်ကစားသမားတွေကိုရောရင်ခုန်စရာကောင်းအောင်ချပြဦးမလဲဆိုတာကတော့စိတ်ဝင်စားဖွယ်စောင့်မျှော်အားပေးကြပါဦးနော်။

SOURCE:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။