ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေဆုံးသူတွေနဲ့အတူ ဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။    

ဇွန်လ ၇ရက်နေ့ ဒီကနေ့ မှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းဆိုးရွားတဲ့ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုကတော့ မှော်ဘီ ၄ရပ်ကွက် ဗလီနှင့်ရုပ်ရှင်ရုံဟောင်းကြားမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများစွာရှိခဲ့ကြောင်းသိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး "တိုက်ကြီးဘက်မှ ကုန်များတင်ဆောင်မောင်းနှင်လာသော ၁၂ဘီးယာဉ်သည် အရှိန်ဖြင့် ဘရိတ်ပေါက်ပြီး တဘက်ယာဉ်ကြောရှိ ရန်ကုန်ဘက်မှမောင်းနှင်လာသော ၂၂ဘီးတွဲ ကုန်တင်ခါး၏ ဘေးသို့ ဖြတ်တိုက်ခြင်းဖြစ်ကြောင်း" မျက်မြင်သက်သေတစ်ဦးရဲ့ ပြောကြားချက်အရသိရပါတယ်။  

ယာဉ်တိုက်မှုကြောင့် ရန်ကုန်ဘက်ဆပ်ပလိုင်းမှတ်တိုင်မှစ၍ လမ်းပိတ်ဆို့ခဲ့ရပြီး တိုက်ကြီးဘက်ဘုရားကြီးကွေ့အကျော်ထိပိတ်ဆို့ခဲ့ရကြောင်းသိရပါတယ်။ ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုမရှိသေးပေမယ့် ဆိုးရိမ်လူနာများရှိနေကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ ဒီကနေ့ တွဲကားနှင့် ၁၂ဘီး ယာဉ်တိုက်မှုပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

photos - San Min Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။