ဂျပန်ဆိုတာ နည်းပညာတွေနဲ့ရော အထူးအဆန်းတွေနဲ့ပါ နာမည်ကျော်ကြားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အမြဲတမ်းလိုလိုဆန်းပြားတဲ့ နိုင်ငံမှာသာ ပရိသတ်ကြီးဘာတွေကိုတွေ့နိုင်မလဲ။ ဂျပန်နိုင်ငံမှာသာရှိပြီး တခြားနိုင်ငံမှာ မတွေ့နိုင်တဲ့ အရာတွေက ဘာတွေလဲ။ ဂျပန်နိုင်ငံမှာ သင်ဟာဘီယာဘူး တစ်ဘူးကို ဝယ်မယ်ဆိုလဲ ဘူးပေါ်မှာ စာလေးတွေပါတာကို တွေ့နိုင်ပါတယ်။ အဲ့စာလေးတွေက ဘာလဲဆိုတော့ မျက်စိမမြင်နိုင်တဲ့သူတွေအတွက်ပဲဖြစ်ကာ သူတို့လဲ အေးမြတဲ့အရသာကိုခံစားဖို့ထိုက်တန်ပါတယ်။ 

ဂျပန်နိုင်ငံရဲ့ ရထားဘူတာ၊ shopping center နဲ့ တခြားသောအဆောက်အအုံနေရာတွေမှာ စက်ဘီးတွေကို ကားပါကင်ထိုးထားသလို စက်ဘီးတွေကိုလဲ တန်းစီးထားတာဖြစ်ပါတယ်။ သူတို့တွေဟာ အရမ်းလဲစည်းကမ်းရှိသလို အရမ်းလဲ ယဉ်ကျေးတဲ့ လူမျိုးတွေဖြစ်ပါတယ်။ Washlets ဟာဆိုရင်တော့ ဂျပန်နိုင်ငံက အဆင့်မြင့် ဘိုထိုင်အိမ်သာ တစ်မျိုးဖြစ်ကာ နည်းနည်းတော့ ကြောင်တောင်တော်ဆန်ပါတယ်။ ဒါပေမဲ့လဲ သူတို့တွေအတွက်တော့ သုံးရတာ အသားကျပြီမို့အဆင်ပြေပါတယ်။ 

Honshuရဲ့ အရှေ့တောင်အရပ်မှာရှိတဲ့ Miyake-jima ကျွန်းဟာဆိုရင် မီးတောင်အရှင်တစ်ခုဖြစ်ပြီး အဲ့မြို့မှာ Gas မျက်နှာဖုံးတွေဝတ်ထားရပါတယ်။ အဲ့မြို့ကိုတော့ တချို့တွေက Gas မြို့တော်လို ခေါ်ကြကာ အဲ့မြို့မှာနေတဲ့လူတိုင်း မျက်နာဖုံးဝတ်ကြပါတယ်။ Capsule Hotels ကိုတော့ ပရိသတ်ကြီးထဲမှာ သိတဲ့ သူတွေရှိမယ်လို့ထင်ပါတယ်။ ဂျပန်တွေရဲ့ ရူးကြောင်ကြောင် ဆောက်လုပ်ထားတဲ့ Hotel တစ်ခုလို့ ပြောလို့ရအောင်တောင်ရှိပါတယ်။ ၁၉၇၉မှာမိတ်ဆက်ခဲ့ပြီး လူတော်တော်များများ ဥပမာ နယ်လှည့်ပတ်နေတဲ့ စီးပွားရေးသမားတွေနဲ့ အရက်မူးသမားတွေအတွက်ဖြစ်ပါတယ်။ 

Source : List 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။