ဥရောပနေရှင်နယ်လိဒ်ပြိုင်ပွဲရဲ့နောက်ဆုံးဗိုလ်လုပွဲကိုတော့ဒီနေ့မနက်အစောပိုင်းမှာယှဉ်ပြိုင်ကစားသွားခဲ့ကြပြီးပေါ်တူဂီအသင်းကနယ်သာလန်အသင်းကိုတစ်လုံးထဲသောအနိုင်ဂိုးနဲ့ဆုဖလားကြီးကိုဆွတ်ခူးခဲ့ပါတယ်။ဒီနောက်ဆုံးဗိုလ်လုပွဲကတော့ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီးပရိသတ်တွေအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ရပါတယ်။ 

ပေါ်တူဂီအသင်းကလည်း၂၀၁၆ယူရိုပြိုင်ပွဲမှာဗိုလ်စွဲပြီးနောက်အောင်မြင်မှုတွေနဲ့ဝေးကွာနေတာဖြစ်တာကြောင့်ဒီလိုအခိုက်အတန့်အမှာအမှားနည်းစွာနဲ့ကစားခဲ့တာကြောင့်ခုလိုအောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။နယ်သာလန်အသင်းကလည်းအောင်မြင်မှုတွေနဲ့ဝေးကွာနေတာဖြစ်တာကြောင့်ဒီပြိုင်ပွဲမှာအကောင်းဆုံးကစားနိုင်ခဲ့ပေမယ့်ပေါ်တူဂီအသင်းကအခွင့်အရေးကိုအသုံးချနိုင်ခဲ့တာဖြစ်ပါတယ်။ 

ပေါ်တူဂီအသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့မိနစ်၆၀မှာ Goncalo Guedes ကသွင်းယူခဲ့တာဖြစ်ပါတယ်။ပေါ်တူဂီအသင်းရဲ့ဦးဆောင်ဂိုးကိုခွင့်ပြုပြီးနောက်ပိုင်းနယ်သာလန်အသင်းဟာခြေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့်လည်းပေါ်တူဂီအသင်းရဲ့နောက်တန်းကအကောင်းဆုံးကစားသွားနိုင်ခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေလည်းတစ်လုံးထဲသောအနိုင်ဂိုးနဲ့နေရှင်နယ်လိဒ်ဖလားကြီးကိုဆွတ်ခူးခဲ့တဲ့ပေါ်တူဂီအသင်းရဲ့ပုံရိပ်videoေ လးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Football TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။