တစ်နိုင်ငံလုံးက အနာဂတ်မီးရောင်လေးတွေရဲ့ လမ်းဆုံတစ်ခုဖြစ်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကတော့ မကြာသေးမီကထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ အောင်ချက်ကောင်းခဲ့ပေမယ့်လည်း ကျရှုံးသူတွေလည်း များစွာရှိခဲ့ပါတယ်။ မိသားစုနဲ့တကွ ရင်ခုန်စွာစောင့်စားနေရင်း ဖြေဆိုခဲ့တဲ့ ကျောင်းမှာ ကိုယ်တိုင်လာရောက်ကြည့်ရှု့သူတွေရဲ့ အပြုံးတွေနဲ့အတူ ကျရှုံးသူတွေရဲ့ မျက်ရည်စတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။  

မိဘ ညီအကိုမောင်နှမတွေအပြင် သူငယ်ချင်းတွေစုစည်းပြီး သွားရောက်ကြည့်ရှု့ခဲ့တဲ့ တက္ကသိုလ်ဝင်အောင်စာရင်းထွက်ရှိမှုပုံရိပ်တွေကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့ပါတယ်။ အဆိုပါ အောင်စာရင်းအပ်မှုတွေထဲမှာ အောင်မြင်သူတွေရဲ့ ကြည်နူးစရာအပြုံးတွေနဲ့အတူ ကျဆုံးသူတွေရဲ့ ဝမ်းနည်းစရာမြင်ကွင်းတွေကတော့ ရင်ထဲထိခိုက်စေမှာအမှန်ပဲဖြစ်ပါတယ်။  

သားသမီးတွေနဲ့အတူ လိုက်ပါကြည့်ရှု့ခဲ့တဲ့ မိဘတွေရဲ့ မျက်နှာတွေနဲ့ ကျရှုံးသူကျောင်းသား၊ ကျောင်းသူတွေရဲ့ မြင်ကွင်းပုံရိပ်တွေကတော့ သဘာဝဆန်ဆန် ဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ တစ်ကြိမ်လဲကျခြင်းဟာ အရှေ့ဆယ်လှမ်း လှမ်းတက်နိုင်ဖို့ အားအင်တစ်ခုဆိုတာပြောကြားရင်း ကျရှုံးသွားတဲ့ ညီ၊ညီမတွေကိုပြန်လည်ကြိုးစားဖို့ တိုက်တွန်းအားပေးလိုက်ပါတယ်။

Photos - MMHA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။