ရီးရဲအသင်းရဲ့ရှေ့တန်းမှာခြေစွမ်းပြဂိုးတွေသွင်းယူပြီးဆုဖလားတွေအောင်မြင်မှုတွေရအောင်စွမ်းဆောင်ပေးနေတာကတော့တိုက်စစ်မှူးဘန်ဇီမာပဲဖြစ်ပါတယ်။သူကတော့ရီးရဲအသင်းမှာလက်ရှိအချိန်ထိကာလရှည်ကြာကစားပြီးအောင်မြင်မှုတွေယူပေးနေတဲ့ကစားသမားပဲဖြစ်ပါတယ်။သူ့ရဲ့ခြေစွမ်းတွေကြောင့်ထိပ်သီးကလပ်တွေကခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့်သူကရီးရဲအသင်းမှာပဲဆက်နေပြီးခြေစွမ်းပြနေတဲ့ကမ္ဘာကျော်ကစားသမားပဲဖြစ်ပါတယ်။ 

ကမ္ဘာကျော်ဘောလုံးတစ်ယောက်ဖြစ်တာကြောင့်သူ့ရဲ့လစာတွေကလည်းအမြင့်ဆုံးမှာရှိနေတာပါ။သူကတော့ကမ္ဘာကျော်တွေအတိုင်းနာမည်ကျော်ပြိုင်ကားတွေ၊ကိုယ်ပိုင်လေယာဉ်တွေကိုပိုင်ဆိုင်ထားတဲ့နာမည်ကျော်ကစားသမားလည်းဖြစ်ပါတယ်။သူ့ရဲ့ပိုင်ဆိုင်မှုတွေကလည်းကစားသမားတွေထဲမှာထိပ်သီးပိုင်းမှာရပ်တည်နေတာဖြစ်ပါတယ်။ 

သူကတော့ပိုင်ဆိုင်မှုတွေများစွာရှိပေမယ့်လည်းဘဝကိုအေးချမ်းစွာဖြတ်သန်းတက်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့အေးချမ်းစွာနေထိုင်မှုကြောင့်လည်းပရိသတ်တွေမီဒီယာတွေကတောင်ချီးကျူးရတာဖြစ်ပါတယ်။သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုသိချင်တဲ့ပရိသတ်တွေအတွက်လည်းအောက်ကvideoလေးကိုကြည့်ပြီးအားကျလိုက်ပါဦးနော်။ 

SOURCE:oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။