KBZ ဘဏ်မှ ငွေထုတ်လျှင် သတိထားဖို့

KBZ ဘဏ်ကငွေထုပ်များမှာ အပြည့်မပါလာလို့ ငွေထုတ်ရင် သေချာစစ်ဖို့ facebook user တစ်ဦးမှ အခုလို post တင်ပြီး သတိပေးခဲ့ပါတယ်။

KBZ က ဟိုတနေ့က ငွေထုတ်လာတယ်

တထောင်တန် တသိန်းအုပ် ၁၀ အုပ်တစီး စီစည်းထားတာ

၁၀ သိန်း ၅ ထုတ် ၅၀ ပေါ့

ဘဏ်စည်း သေသေချာချာ ဆိုတော့လည်း ဖြည်မရေခိုင်းတော့ဘူး

ဒီနေ့ မနက် ငွေ ၁၅ သိန်း လွှဲစရာရှိလို့ ထုတ်လာတဲ့ ငွေထဲက ၁၀ သိန်း တထုတ် ရယ် ကိုယ့်တခြားပိုက်ဆံထဲက ငါးထောင်တန် ငါးသိန်း တထုတ်ရယ် အိမ်က မောင်လေးတယောက်ကို KBZက လွှဲခိုင်းလိုက်တယ်

ဘဏ်ရောက်တော့ ငွေရေတော့ ငါးထောင်တန် ငါးသိန်းက ပြည့်ပီး ၁၀ သိန်း ၁ထောင်တန်အုပ်တိုင်းက မပြည့်ဘူးဖြစ်နေတယ်တဲ့

ဘဏ်ဝန်ထမ်းက ညီလေး ရေ ငွေတွေက မပြည့်ဘူး ပြောတော့ မောင်လေးကလည်း အကိုတို့ဘဏ်စီးအတိုင်းဘဲလေဗျ လို့ပြောပြတယ်

ဘဏ်ကကောင်လေးက ကျတော်တို့က ပြည့်ပါတယ်ဗျလို့ ပြန်ပြောပြတယ်

အဲတော့လည်း ကိုယ့်အမှားဘဲ နေမှာပါလေ ဆိုပီး လိုတာ ထပ်ဖြည့်လွှဲပီး ပြန်လာတယ်

လိုငွေက ၁ဝသိန်း မှာ အုပ်တိုင်း နဲနဲစီ လျော့တာ စုစုပေါင်း ၂၃ ရွက် တထောင်တန်တွေ

အိမ်ပြန်ရောက်လို့ အကျိုးအကြောင်း ပြောပြလို့ ကျန်တဲ့ ၁၀ စီး ၄၀ ကို ဖြေရေလိုက်တာ ၁၀ သိန်း တထုတ်ဘဲ ပြည့်တယ်

၁၀ သိန်း တထုတ်မှာ တအုပ်က ၈၆ ရွက် ၈၇ ရွက်

ကျန်တဲ့အထုတ်တေမှာ ၉၉ ရွက် ၉၇ ရွက် ၉၄ ရွက် လျော့ကြတာ

စုစုပေါင်း ငွေ ၄၀ မှာ ၃၇ ရွက် လျော့တယ် မနက်က ၂၃ ရွက်နဲ့ဆို

ငွေ သိန်း ၅၀ မှာ စုစုပေါင်း တထောင်တန် အရွက် ၆၀ ပျောက်တယ်

အရင်သူများတွေ ပို့စ်တင်တာ တွေ့ပေမယ့် နမော်နမဲ့ အဲလောက် မထင်ထားဘူး

အခုဟာက လွန်သွားပီ ၉၉ ရွက်လောက်က လက်ခံလို့ရသေးတယ်

၈၆ တို့ ၈၇ တို့က လွန်လွန်းတယ် ငွေရေစက်တွေ ဘာလုပ်ဖို့ ထားတာလဲ လုပ်တာ ကိုင်တာ အရမ်းပေါ့လျော့တယ်

ဒီလိုမျိုး လူပေါင်း ဘယ်လောက်ထိ ရှိပီလဲ

သာဓုခေါ် ရေစက်ချပါတယ် KBZ ရယ်

သူငယ်ချင်းတို့လည်း တထောင်တန် သေချာစည်းထားတာဘဲ ဆိုပီး ယုံကြည်စွာ ယူမလာကြဖို့ သတိပေးချင်ပါတယ် တအုပ်ချင်း ဖြည် စစ်ခိုင်းပါ လုံးဝ မယုံ ရပါ KBZ bank

Credit Phyo Cho Cho Lin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။