ဥရောပဘောလုံးပြိုင်ပွဲတွေကတော့ဒီနေ့မနက်ကနေရှင်နယ်လိဒ်ဗိုလ်လုပွဲကစားအပြီးမှာပြီးဆုံးလို့သွားခဲ့ပြီဖြစ်ပါတယ်။ပြိုင်ပွဲတွေပြီးဆုံးချိန်မှာတော့အသင်းတိုင်းဟာကစားသမားသစ်တွေခေါ်ယူဖို့လုပ်ဆောင်နေကြသလိုကစားသမားတွေကလည်းအားရက်တွေမှာချစ်ရသူတွေနဲ့ပျော်ရွှင်စရာအချိန်လေးတွေကိုဖြတ်သန်းနေကြတာဖြစ်ပါတယ်။ 

ခုမှာလည်းကမ္ဘာကျော်ကစားသမားတွေရဲ့နားရက်လေးတွေကိုဘယ်လိုဖြတ်သန်းနေလဲဆိုတာကိုပရိသတ်တွေအတွက်တင်ဆက်ပေးမှာဖြစ်ပါတယ်။မန်ယူအသင်းရဲ့လူငယ်ကစားသမား Anthony Martial ကတော့ချစ်သူလေးနဲ့ပင်လယ်ပျော်လေးဖြစ်နေတာပါ။လီပါပူးအသင်းကစားသမား Fabinhoကတော့အမေရိကန်နိုင်ငံမှာချစ်သူလေးနဲ့အလည်ပတ်ထွက်နေတာဖြစ်ပါတယ်။ 

မန်ယူအသင်းရဲ့ကစားသမားလေးMarcos Rojo ကလည်းကမ်းခြေရဲ့ရေကူးကန်လေးမှာပျော်ရွှင်စရာအချိန်လေးတွေကိုဖြတ်သန်းနေတာဖြစ်ပြီးရိုးမားနာမည်ကျော်ကစားသမားTotti ကလည်းကမ်းခြေမှာချစ်သူလေးနဲ့အပြတ်လန်းနေကြတာဖြစ်ပါတယ်။နောက်ထပ်နာမည်ကျော်ကစားသမားတွေလည်းကမ်းခြေတွေမှာချစ်သူလေးတွေနဲ့သာယာနေကြတဲ့ပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။