နိုင်ငံတကာ ချစ်ကြည်ရေး အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ JapaFuncup တွင်ပါဝင်မည့် အရှေ့တောင်အာရှမှ U-18 "ASIAN ELEVEN" လက်ရွေးစင်များအား ဂုဏ်ပြုပွဲနှင့်အတူ သတင်းစာရှင်းလင်းပွဲကို ဇွန် ၁၀ ရက် နံနက် ၁၀း၀၀ နာရီက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။  

JapaFuncup အဖြစ် အာဆီယံနိုင်ငံများမှ အသက် ၁၈ နှစ်အောက် ကစားသမား နှစ်ဦးစီပါဝင်သော Southeast Asian U-18 အသင်းနှင့် ဂျပန်နိုင်ငံ Tohoku Selection U-18 အသင်းတို့ ဇွန် ၂၂ တွင် ဂျပန်နိုင်ငံ၌ ခြေစမ်းပွဲ ကစားမည်ဖြစ်ပါတယ်။ Southeast Asian U-18 ( အသင်းကို နည်းပြချုပ်အဖြစ် မြန်မာယူ-၁၆ အသင်းနည်းပြ မစ္စတာ Takuma Koga က ကိုင်တွယ်မှာဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုခွင့်ရသည့် ကစားသမားနှစ်ဦးမှာ မြန်မာယူ-၁၈ အသင်းမှ ဂိုးသမား နေလင်းထက်နှင့် တိုက်စစ်မှူး ပြည့်ဖြိုးအောင်တို့ ဖြစ်ပါတယ်။ 

ဦးဇော်ဇော်က "ဒါတင်မကပါဘူး။ ဂျပန်နိုင်ငံအနေနဲ့ မြန်မာလက်ရွေးစင် အသင်းတွေကို လေ့ကျင့်ခြေစမ်းဖို့ ဖိတ်ခေါ်တာတွေ၊ Grassroot ဖွံ့ဖြိုးတိုးတက်ရေးတွေ၊ နည်းပြပိုင်း ကူညီပံ့ပိုးမှုတွေကလည်း အကူအညီတွေ ပေးနေပါတယ်။ အခုအစီအစဉ်အတွက်လည်း ဂျပန်နိုင်ငံ၊ ဂျပန်ဘောလုံးအဖွဲ့ချုပ်၊ ဂျပန်သံအမတ်ကြီးနဲ့ ဂျပန်ဖောင်ဒေးရှင်းကို ကျေးဇူးတင်ပါတယ်" ဟု ထည့်သွင်း ပြောကြားခဲ့ပါတယ်။

SOURCE: MFF  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။