မြန်မာ့လက်ရွေးစင်အသင်းဟာမနက်ဖြန်မှာဆိုရင်တော့စင်ကာပူလက်ရွေးစင်အသင်းနဲ့ခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။ဒီပွဲကိုတော့စင်ကာပူနိုင်ငံရဲ့ National Stadium မှာမြန်မာစံတော်ချိန်၆:၁၅၊စင်ကာပူစံတော်ချိန်၇:၄၅မှာယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ဒီခြေစမ်းပွဲကတော့တစ်ခြားအရင်ပွဲတွေနဲ့မတူပဲပရိသတ်တွေအတွက်ပွဲကောင်းတစ်ပွဲဖြစ်လာမှာအသေချာပဲဖြစ်ပါတယ်။ 

ဒီခြေစမ်းပွဲကတော့မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ရဲ့ကိုင်တွယ်ပြီးနောက်ပိုင်းပထမဆုံးခြေစမ်းပွဲဖြစ်လာမှာဖြစ်ပါတယ်။မီရိုဒရက် ရာဂျူလိုဗစ် ကတော့မြန်မာအသင်းကိုလူဟောင်းတွေအပါအဝင်အတောင့်အတင်းဆုံးပြင်ဆင်ထားတာကြောင့်ဒီပွဲစဉ်ဟာပရိသတ်တွေအကြိုက်ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ 

စင်ကာပူအသင်းကလည်းနည်းပြသစ်ရဲ့ဒုတိယမြောက်ခြေစမ်းပွဲဖြစ်ပြီးပထမခြေစမ်းပွဲတုန်းကဆော်လမွန်ကျွန်းအုပ်စုကိုအနိုင်ကစားခဲ့တာဖြစ်ပါတယ်။ဒီနှစ်သင်းကလည်းအာစီယံဒေသတွင်းမှာအကြိမ်ကြိမ်တွေ့ဆုံထားပြီးပွဲတိုင်ကပြိုင်ဆိုင်မှုပြင်းထန်တာဖြစ်ပါတယ်။နောက်ဆုံး၈ကြမ်တွေ့ဆုံမှုမှာတော့စင်ကာပူအသင်းက၆ကြိမ်အနိုင်ရပြီး၂ကြိမ်သရေကျထားတာကြောင့်ဒီပွဲစဉ်မှာကောဘယ်အသင်းကအသာရမလဲဆိုတာတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

SOURCE:Myanmar Football Fan Group

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။