ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ကမ္ဘာပတ်တဲ့ခရီးစဉ်မှာ အမှတ်တရပုံတွေရိုက်ကူပေးဖို့အတွက် ဓာတ်ပုံဆရာ တစ်ယောက်ကို ဒေါ်လာ၁သိန်းနဲ့ ငှားရမ်းလိုနေတဲ့ မိသားစုအကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် ခရီးသွားတဲ့ အခါမှာ မိမိရဲ့ အမှတ်တရပုံလေးတွေ ကောင်းကောင်းထွက်စေချင်တာချည်းပါပဲ။ တစ်ကယ်လို့ ကိုယ်ဟာ ဓာတ်ပုံကောင်းကောင်း မရိုက်တတ်တဲ့သူဆိုရင်တော့ ဓာတ်ဖမ်းတာတော်တဲ့ သူဖြစ်ဖြစ် တစ်ကယ့်Professional ကျတဲ့ ဓာတ်ပုံဆရာကို လိုအပ်တော့မှာပဲ ဖြစ်ပါတယ်။

အခုဖော်ပြပေးမယ့် မိသားစုကလည်း သူတို့ မိသားစုရဲ့ ကမ္ဘာတစ်ပတ် ခရီးထွက်ဖို့ အစီအစဉ်မှာ အမှတ်တရဓာတ်ပုံကောင်းကောင်းတွေကို လိုချင်တဲ့အတွက်ကြောင့် အခုလို ဓာတ်ပုံဆရာတစ်ယောက်ကို ဈေးကြီးပေးပြီး ငှားရမ်းချင်နေတာပဲ ဖြစ်ပါတယ်။ " ကျနော်တို့ရဲ့ ခရီးစဉ်လေးကတော့ မိုနာကို နဲ့ အဘူဒါဘီမှာ ကျင်းပမယ့် Formula One Grand Prix ကားပြိုင်ပွဲကိုသွားကြည့်မယ်။ ပြီးရင် မော်လ်ဒိုက်ရဲ့ လှပတဲ့ ကမ်းခြေမှာ ဒိုင်ဗင်ဖိုးပြီး အနားယူမယ်။ နောက်ထပ်ခရီးဆက်မှာကတော့ နယူအော်လန်က Mardi Gras ပွဲတော်ရယ် ဘရာဇီးနိုင်ငံက

အကြီးကျယ်ဆုံးပွဲတော်ဖြစ်တဲ့ ကာနီဗယ်ပွဲတော်ကိုလည်း သွားလည်ကြမှာပါ။ နောက်ဆုံးခရီးစဉ်ကတော့ ပြင်သစ်နိုင်ငံက Val d'Isere မှာ နှင်းလျှောစီးကြပြီး အဆုံးသတ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခရီးစဉ်မှာ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကူးဖို့အတွက် ဓာတ်ပုံဆရာကောင်းကောင်းတစ်ယောက်လိုအပ်နေတာပေါ့ဗျာလို့ " ထိုမိသားစုဝင်တစ်ဦးက ပြောကြားခဲ့ပါတယ်။ ထိုမိသားစုဝင်တွေရဲ့ အမည်တွေကိုတော့ သူတို့ရဲ့ လုံခြုံရေးအတွက် ဖော်ပြခွင့်မပေးထားပဲ သူတို့နဲ့ အတူလိုက်ပေးမယ့် ဓာတ်ပုံဆရာဟာ ဒေါ်လာ ၁သိန်းအပြင် အပိုဆုကြေးအနေနဲ့ ခရီးစဉ်တစ်လျှောက် နေရေး စားရေး နဲ့ အခြားသော ကိစ္စရပ်တွေအတွက် စရိတ်ငြိမ်းပေးသွားမယ်လို့လည်း သိရပါတယ်။

Source : UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။