မနေ့ကဆိုရင်တော့ အမေရိကန်နိုင်ငံအတွင်းမှာ ဝန်ချီစက်တစီး အဆောက်အဦးတလုံးပေါ်ပြုတ်ကျခဲ့တယ်လို့သိရပါတယ်။

၎င်းဖြစ်ရပ်ဖြစ်ပွားခဲ့တဲ့ နေရာကနေ တက္ကဆက်ပြည်နယ် ဒါးလတ်စ်မြို့ရဲ့ တနေရာမှာဖြစ်ပြီး လေပြင်းတိုက်ခတ်တာကြောင့် ပြုတ်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၎င်းဝန်ချီစက်ပြုတ်ကျမှုကြောင့်ဆိုရင်လည်း အဆောက်အအုံဟာ နှစ်ခြမ်းကွဲသွားခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ၎င်းအဆောက်အဦးရဲ့ ယာဉ်ရပ်နားတဲ့နေရာကလည်း ဆိုးဆိုးရွားရွားပျက်စီးသွားခဲ့ရသလို လူတစ်ဦးလည်း သေဆုံးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် လူ ၆ ယောက်လောက်လည်း ဒဏ်ရာရရှိခဲ့တာကြောင့် တာဝန်ရှိသူတွေဟာ ဆေးရုံသို့ပို့ဆောင် ဆေးကုသပေးထားပါတယ်။

အဲ့ဒီနောက်မှာတော့ ပျက်စီးသွားတဲ့ အပျက်အစီးတွေကိုရှင်းလင်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

Source - CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။