ဂျပန်တွေဟာဆိုရင် ခေတ်မှီဖွံ့ဖြိုးမှုနှုန်းမြန်တဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ ပြီးတော့ သူတို့တွေရဲ့တီထွင်မှုတွေဟာလဲ တော်တော်လေးကို ဆန်းပြားပြီး ကမ္ဘာကြီးကို ခေတ်မှီအောင် ပြုလုပ်တဲ့ နိုင်ငံထဲကတစ်ခုလဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့တီထွင်မှုတွေက လူသားတွေကို တော်တော်အကျိုးပြုလို့ပါ။ လန်ချားတွေကို ပရိသတ်ကြီးသိမှာပါ....အဲ့လန်ချားကို ဂျပန်နိုင်ငံ ၁၈၆၀ခုနှစ်တုန်းက ပထမဦးဆုံး တီထွင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှသာ တခြားနိုင်ငံတွေဆိ ကူးပြောင်းသွားတာပါ။ အသင့်စားခေါက်ဆွဲပြုတ်တွေကို ပရိသတ်ကြီး ကြိုက်တယ်မလား။ အဲ့လိုအသင့်စားလို့ရမဲ့ အစာစားတွေကို Momofuku Ando ဆိုတဲ့သူက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒုတိယကမ္ဘာစစ်မှာ အစာရေစာတွေပျက်စီးတာကိုတွေ့ပြီး အဲ့လိုဖြစ်ရင် စားဖို့အတွက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

၁၉၅၈ခုနှစ်မှာ ပထမဆုံး Chikin Ramen ကိုရောင်းချခဲ့တာဖြစ်ပါတယ်။ ဝတ္ထုဆိုတာဟာလဲ ဂျပန်နိုင်ငံကမရေးခဲ့ရင် ဘယ်သူမှသိကြမှာမဟုတ်ပါဘူး။ The Tale of Genji ဆိုတဲ့ ဝတ္ထုဟာ သမိုင်းမှာ ပထမဆုံးရေးခဲ့တဲ့ ဝတ္ထုလို့ပြောရမှာပါ။ ပေါ်ထွက်ခဲ့တဲ့အချိန်ကတော့ ၁၁ရာစုကဖြစ်ပြီး ရေးတဲ့သူကတော့ Murasaki Shikibu ဆိုတဲ့အမျိုးသမီးပဲဖြစ်ကာ အကြောင်းကတော့ ရုပ်ရည်ချောမောတဲ့ မင်းမျိုးနွယ်တစ်ယောက်ရဲ့ အချစ်အကြောင်းပဲဖြစ်ပါတယ်။ Katana ဆိုတာကိုတော့ ပရိသတ်ကြီးလဲ သိမှာပါ....ဂျပန်ဆာမူရိုင်းတွေ ကိုင်ဆောင်တဲ့ ဓါးပေါ့.... 1392-1573 CE မှာစတင်ပေါ်ထွက်လာတာဖြစ်ပါတယ်။Walkman ဆိုတာကတော့ သမိုင်းမှာ ပထမဆုံးသော ကက်ဆက်ဖြစ်ကာ ၁၉၇၉ခုနှစ်မှာ Sony ကထုတ်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေသိကြတဲ့ အခွေ CD ဆိုတာက Sony နဲ့ Philips ( Dutch နိုင်ငံရဲ့ company ) တို့နှစ်ခုစလုံးက တီထွင်ခဲ့ကြတာဖြစ်ပါတယ်။  

ဒါပေမဲ့ Sony ကနောက်ပိုင်းမှာတော့ DVD နဲ့ Blu-Ray တွေကို ထပ်တီထွင်ခဲ့ပါတယ်။ ကာရာအိုကေစက်ကို Daisuke Inoue ဆိုတဲ့သူက ၁၉၆၉ခုနှစ်မှာ တီထွင်ခဲ့ပြီး ၁၉၇၁ ခုနှစ်မှာမှ ဈေးကွက်ထဲပို့ခဲ့ပါတယ်။ Karaoke ဆိုတဲ့စကားက တိုက်ရိုက်ဆင်းသက်လာတာမဟုတ်ပါဘူး....“kara okesutura” ဆိုတဲ့ဂျပန်စကားဖြစ်ပြီး အဓိပ္ပာယ်ကတော့ “empty orchestra” ပဲဖြစ်ကာ အတိုခေါ်လိုက်တော့ "Karaoke" ဆိုတာဖြစ်လာပါတယ်။ ပရိသတ်ကြီး ယနေ့သုံးနေတဲ့ Emoji တွေဟာဆိုရင်လဲ ဂျပန်နိုင်ငံက Shigetaka Kurita နဲ့သူရဲ့အဖွဲ့ဟာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး စာတွေအတွက် ဖြစ်ပေါ်လာတဲ့ Emotion တွေကိုဖော်ပြဖို့အတွက် ပုံတွေကိုပြုလုပ်မယ်ဆိုတဲ့ အတွေးနဲ့ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ Toshiba ဆိုတဲ့ ဂျပန် Companyကလဲ ပထမဆုံးလျှပ်စစ်ပေါင်းအိုးကို ၁၉၅၅ခုနှစ်က တီထွင်ခဲ့တာဖြစ်ပါတယ်။  

Camera Phone ဆိုတာကလဲ Kyocera Corporation ဆိုတဲ့ ဂျပန် Company က VisualPhone VP-210 ဆိုပြီး ၁၉၉၉ခုနှစ်က ပထမဆုံး ကင်မရာပါတဲ့ဖုန်းအဖြစ် ထွက်ရှိလာတာပါ။ EKG ဆိုတဲ့ နှလုံးခုန်နှုန်းကိုပြတဲ့ စက်ဟာဆိုရင်တော့ ၁၉၃၇ခုနှစ်က Taro Takemi ကတီထွင်ခဲ့တာဖြစ်ပါတယ်။ တခြားသော ဂျပန်တွေ တီထွင်ခဲ့တဲ့ အရာတွေကတော့ Pocket Calculator, Blue LED Light, Lithium Ion Battery, QR Code, 3D Printing, Bullet Train နဲ့ Flash Memory ဆိုတဲ့ ဖုန်းထဲမှာ Memory ပိုထည့်လို့ရအောင်လုပ်ပေးတဲ့ Card တွေကို ပထမဆုံး ဂျပန်နိုင်ငံက တီထွင်ခဲ့တာဖြစ်ပါတယ်။ 

Source : List 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။