ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းကတော့ဥရောပနေရှင်နယ်လိဒ်ဖလားပြိုင်ပွဲမှာဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ပထမဆုံးအကြိမ်ကျင်းပတဲ့ဒီပြိုင်ပွဲမှာတော့ပေါ်တူဂီအသင်းကချန်ပီယံဆုကိုသိမ်းပိုက်နိုင်ခဲ့တာပါ။ဒီပြိုင်ပွဲမှာရော်နယ်ဒိုကလည်းအသင်းအတွက်အကာင်းဆုံးကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ဒီပြိုင်ပွဲမှာဂိုးသွင်းအများဆုံးကစားသမားဆုကိုလည်းရရှိခဲ့တာဖြစ်ပါတယ်။ဒီနှစ်ဘောလုံးရာသီကတော့ရော်နယ်ဒိုကတော့အောင်မြင်မှုတွေနဲ့သိမ်းပိုက်ခဲ့တဲ့ဘောလုံးရာသီပဲဖြစ်ပါတယ်။ကလပ်အသင်းမှာလည်းအမှတ်ပေးချန်ပီယံဆုကိုသိမ်းပိုက်နိုင်ခဲ့သလို့အောင်မြင်ဖို့ခက်ခဲတဲ့နိုင်ငံအသင်းမှာလည်းအောင်မြင်မှုတွေယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနေရှင်နယ်လိဒ်ပြိုင်ပွဲဗိုလ်စွဲအပြီးမှာတော့ရော်နယ်ဒိုကတော့ချစ်ဇနီးလေးရဲ့လက်ဆောင်လေးကြောင့်လည်းပျော်ခဲ့ရတာပါ။ချစ်ဇနီးလေးကတော့နိုင်ငံအသင်းအတွက်ကြိုးစားခြေစွမ်းပြခဲ့တဲ့ရော်နယ်ဒိုကိုအကြင်နာအနမ်းလေးနဲ့ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်းရော်နယ်ဒိုတို့ချစ်သူနှစ်ယောက်ရဲ့ကြည်နူးဖွယ်ပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:georginagio

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။