နေ့စဉ်ကြားနေရတဲ့ ယာဉ်တိုက်မှုတွေထဲမှာ သာမာန်ဖြစ်စဉ်တွေနဲ့အတူ လူသေဆုံးမှုတွေလည်း များစွာရှိခဲ့ပါတယ်။ အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွေကြောင့် ဆုံးရှုံးမှုများစွာနဲ့အတူ ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုကတော့ ဒီကနေ့ မှာဖြစ်ခဲ့ပါပြီ။ ၎င်းယာဉ်တိုက်မှုကတော့ ဇွန်လ ၁၁ရက်နေ့ ဒီကနေ့ အစောပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဆရာဝန် သုံးဦးအထိ သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။  

အဆိုပါဖြစ်စဉ်ကတော့ ဇွန်လ ၁၁ ရက်နေ့ ဒီကနေ့ နံနက်ပိုင်းက ဖျာပုံမြို့နယ် - ချောင်းတွင်းတံတားအဆင်းတွင် ဓာတ်တိုင်တင်ကားအား အနောက်မှ ဝင်တိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဖျာပုံဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ( ၃) ဥိး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။  

ပြင်းပြင်းထန်ထန် အနောက်မှ ဝင်တိုက်ခဲ့တာကြောင့် နေရာတွင်ပွဲခြင်းပြီး သေဆုံးခဲ့တာဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးရဲ့ ပြောကြားချက်အရသိရပါတယ်။ ဆရာဝန်သုံးဦးအထိဆုံးရှုံးခဲ့တဲ့ ဆိုးဆိုးရွားရွားယာဉ်တိုက်မှုဖြစ်စဉ်ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

Photos - Nay Zar Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။