ပရိသတ်ကြီးရေ ဘဝမှာ ကံကောင်းခြင်းဆိုတာကို လူတော်တော်များများ တွေ့ကြုံရရှိခဲ့ဖူးပေမယ့်လည်း အသက်ဘေးကနေ အကြိမ်ကြိမ်လွတ်မြောက်လာနိုင်လောက်အောင် ကံအလွန်ကာင်းတဲ့ လူမျိုးတွေတော့ များများ စားစား မရှိလောက်ဘူးထင်ပါတယ်။ အခုဖော်ပြပေးမယ့် အမျိုးသမီးကလည်း ဒီလိုကံအလွန်ကောင်းတဲ့ လူနည်းစုထဲက တစ်ယောက်အပါအဝင်လို့တောင် ပြောလို့ရပါတယ်။ သူမရဲ့ နာမည်ကတော့ Violet jessop ဆိုသူဖြစ်ပြီး သူမအလုပ်လုပ်ခဲ့တဲ့ သင်္ဘော၃စင်းလုံးရေအောက်မြုပ်သွားပေမယ့်လည်း သူမကတော့ အသက်ရှင်ကျန်နေရစ်ခဲ့တာ ဖြစ်ပါတယ်။

Violet ဟာ ၁၈၈၇ ခုနှစ် အောက်တိုဘာ ၂ရက်နေ့ အာဂျင်တီးနားမှာ မွေးဖွားခဲ့ပြီး သင်္ဘောပေါ်မှာ နာ့စ်အဖြစ်မလုပ်ကိုင်မီ လေယာဉ်မယ်အဖြစ်လည်း အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။ သူမဟာ ယနေ့ခေတ် ကမ္ဘာ့သမိုင်းမှာ နာမည်အကြီးဆုံး သင်္ဘောနစ်မြုပ်မှုတွေဖြစ်တဲ့ တိုက်တန်းနစ်သင်္ဘော ၊ အိုလံပစ်သင်္ဘော နဲ့ ဘရစ်တန်းနစ်အစရှိတဲ့ သင်္ဘော၃စင်းစလုံးမှာ ပါဝင်အမှုထမ်းခဲ့သူလည်း ဖြစ်ပါတယ်။ တိုက်ဆိုင်မှုလို့ပဲ ဆိုရမလို သူမ ပထမဆုံးအမှုထမ်းခဲ့တဲ့ အိုလံပစ် သင်္ဘောဟာ စစ်သင်္ဘောတစ်စင်းနဲ့ တိုက်မိခဲ့ပြီး နစ်မြုပ်လုပ်နီးပါး ဖြစ်ခဲ့ပေမယ့်လည်း vILOET ဟာ အသက်မသေပဲ နစ်မြုပ်ခဲ့ပါတယ်။

အလားတူစွာပင် သူမဟာ တိုက်တန်းနစ်သင်္ဘောရဲ့ ပထမဦးဆုံးခရီးစဉ်မှာသူနာပြုအဖြစ်လိုက်ပါ အမှုထမ်းခဲ့ပါတယ်။ အများသိတဲ့အတိုင်း တိုက်တန်းနစ်သင်္ဘောဟာ ရေခဲတောင်တစ်ခုနဲ့တိုက်မိခဲ့ပြီး နစ်မြုပ်ခဲ့ကာ ခရီးသည်အတော်တော်များများ သေကြေပျက်စီးခဲ့ကြပေမယ့်လည်း မယ့်ကောင်းလေး violetကတော့ အသက်မသေပဲ လွတ်မြောက်ခဲ့ပြန်ပါတယ်။ စာဖတ်သူကို နောက်ထပ် အံ့သြသွားစေမယ့်နောက်တစ်ချက်တော့ သူမဟာ တိုက်တန်းနစ်သင်္ဘောမြုပ်ပြီး သိပ်မကြာခင်မှာပဲ ဘရစ်တန်းနစ်ဆိုတဲ့ သင်္ဘောပေါ်မှာ အမှုထမ်းခဲ့ပါတယ်။ ထုံးစံအတိုင်း သူမအမှုထမ်းတဲ့ ဘရစ်တန်းနစ်သင်္ဘောဟာ ရေအောက်မှာထောင်ထားတဲ့ ရေမြုပ်မိုင်းကိုထိမိခဲ့ပြီး နစ်မြုပခဲ့ပါတယ်။ ဒါပေမယ့်လည်း အများမျှော်လင့်ထားသလို Violet ဟာ လွတ်မြောက်လာခဲ့ပြန်ပါတယ်။ အာ့ခေတ်အခါက သူမရဲ့ သေကံမရောက်ခဲ့တဲ့ အကြောင်းကို စာအုပ်တွေ အပြိုင်အဆိုင် ထုတ်ဝေခဲ့ပြီး ကမ္ဘာ့ကံအကောင်းဆုံး အမျိုးသမီး အဖြစ် လူတိုင်းက ခေါ်ဆိုခဲ့ကြပါတယ် ပရိသတ်ကြီးရေ...

Source : Did You Know

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။