ဥရောပဘောလုံးပြိုင်ပွဲတွေကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်တာကြောင့်ခုအားလပ်ရက်လေးမှာတော့ကစာသမားတွေဟာမိသားစုတွေချစ်ရတဲ့သူတွေနဲ့ခရီးတွေအပန်းဖြေနေကြတာဖြစ်ပါတယ်။ဘောလုံးရာသီပြန်စဖို့လိုသေးတာကြောင့်ခုချိန်မှာအပြောင်းအရွေ့လည်းလုပ်ရင်းနဲ့ခရီးတွေအပန်းဖြေထွက်နေကြတာပါ။

မိသားစုတွေချစ်သူတွေနဲ့ခရီးထွက်တဲ့ကစားသမားတွေလည်းရှိသလိုတစ်ကိုယ်တည်းခရီးထွက်ရင်းအပန်းဖြေနေတဲ့ကစားသမားတွေလည်းရှိပါတယ်။ခုမှာတော့ပရိသတ်တွေကိုတစ်ကိုယ်တည်းခရီးတွေသွားပြီးအပန်းဖြေနေတဲ့ကစားသမားတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပါပူးအသင်းရဲ့တိုက်စစ်မှူးဆာလာကတော့ပင်လယ်ကြီးမှာသင်္ဘောတစ်စီးနဲ့တစ်ယောက်တည်းအပန်းဖြေနေတာပါ။

စပါးအသင်းရဲ့ကြယ်ပွင့်Erik Lamela ကတော့ရေကူးကန်လေးမှာတစ်ယောက်တည်းအပန်းဖြေနေတာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်ရဲ့ပဲ့ကိုင်ရှင်Javi Martinez ကတော့ဆံပင်ပုံစံအသစ်နဲ့အမေရိကန်မြို့မှာအလည်ပတ်ရောက်ရှိနေတာဖြစ်ပါတယ်။ပါပူးအသင်းရဲ့ကစားသမားAlberto Moreno ကတော့အထူးခြားဆုံးလို့ပြောလို့ရပြီးချစ်ဇနီးလေးနဲ့တူတူရေကူးကန်ထဲမှာအနားယူနေတာဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။