တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က စတင်ပြီး သမုဒ္ဒရာအောက်က စိတ်ဝင်စားစရာ နမူနာပစ္စည်းတွေကို ကောက်ယူစုဆောင်းခဲ့တယ်လို့ သိရပါတယ်။

သူတို့ကတော့ သုတေသနယာဉ် ခါရွယ်ကိုအသုံးပြုပြီါ် ကမ္ဘာ့အနက်ဆုံး သမုဒ္ဒရာချောက်ဖြစ်တဲ့ မာရီယာနာ ချောက်ထဲက နမူနာပစ္စည်းတွေကို ကောက်ယူစုဆောင်းခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် သူတို့တွေဟာ သမုဒ္ဒရာနက်နက်ထဲရောက်ဖို့ ROV အဝေးထန်းယာဉ်ကို အသုံးပြုခဲ့ကြတယ်လို့သိရပါတယ်။

အဲ့ဒီနောက်မှာတော့ သိပ္ပံပညာရှင်တွေဟာ ပယ်လယ်ရေနက်ပိုင်းမှာနေထိုင်တဲ့ သတ္တဝါတွေကြားက သက်ရှိဇီဝစနစ်ကိုပါ တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

သူတို့ကောက်ယူစုဆောင်းခဲ့တဲ့ နမူနာပစ္စည်းအရေအတွက်ဟာဆိုရင်လည်း အမျိုးပေါင်းလေးရာလောက်ရှိတယ်လို့ သိရပါတယ်။

၎င်းစုဆောင်းခဲ့တဲ့ ပစ္စည်းတွေထဲမှာဆိုရင်လည်း ကျောက်သား နမူနာ အပိုင်းအစ ၃၉ ခုနဲ့ တိရစ္ဆာန်မျိုးစိတ် ၁၇၀ ကျော်ရဲ့ နမူနာအပိုင်းအစပေါင်း ၃၆၀ ပါဝင်ပါတယ်လို့ သိရပါတယ်။

Source - CGTN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။