ပြီးခဲ့တဲ့တဲ့နှစ်က ကက်ရှ်မီးယားဒေသထဲမှာ ၈ နှစ်အရွယ် အမျိုးသမီးလေး အုပ်စုဖွဲ့အဓမ္မပြုျကျင့်ခံရပြီး အသတ်ခံရတဲ့အမှုဟာ လူမှုကွန်ယက်ပေါ်မှာတော်တော်လေး လူစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ သတင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

၎င်းအမျိုးသမီးလေးဟာ မသမာသူ လူတစ်စုရဲ့ မေ့ဆေးနဲ့ခေါ်ဆောင်သွားမှုကို ခံခဲ့ရပြီး ပထမဦးစွာ ဘုရားကျောင်းတစ်ခုထဲမှာ ပိတ်လှောင်ခံထားခဲ့ရတာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ သူမကိုဖမ်းဆီးသွားတဲ့ အမျိုးသားတွေဟာ အချိန်တစ်ပတ်လောက်ကြာအောင် ဒီကလေးမလေးကို အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။

အဲ့ဒီနောက်မှာဆိုရင်လည်း ၎င်းအမျိုးသားတွေဟာ ဒီကလေးမလေးကို လည်ပင်းညှစ်သတ်ရုံနဲ့ မကျေနပ်နိုင်သေးဘဲ ခေါင်းကိုပါ ကျောက်တုံးနဲ့ ထုသတ်ခဲ့ကြတာပဲဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ ကြားသိရတဲ့လူတော်တော်များများကို ထိတ်လန့်သွားစေခဲ့ရသလို ကလေးမလေးရဲ့မိဘတွေကိုလည်း အင်မတန်ကြေကွဲခံစားရစေခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်လေးဖြစ်ပေါ်ပြီး အချိန်တစ်ခုကြာတဲ့အနောက်မှာတော့ တာဝန်ရှိသူတွေဟာ ဒီအမှုနဲ့ပတ်သတ်တဲ့ သံသယရှိသူ ၆ ဦးကို ဖမ်းဆီးခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က အပြစ်ရှိကြောင်း အိန္ဒိယတရားရုံးက စီရင်ချက်ချခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ထိုသူ ၆ ယောက်ထဲက ပြစ်မှုပိုထင်ရှားတဲ့ ၃ ယောက်ကိုတော့ သေဒဏ်ချမှတ်ပေးဖို့ တောင်းဆိုထားတာတွေရှိသလို ကလေးမလေး သေခဲ့ရတာနဲ့တန်အောင် အပြစ်ပေးဖို့တောင်းဆိုထားကြတာတွေ့ရပါတယ်။

source - CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။