ဘောလုံးပြိုင်ပွဲတွေဟာတစ်စထက်တစ်စတိုးတက်လာတာနဲ့အမျှအသင်းတိုင်းကလည်းနိုင်ငံတစ်ကာအဆင့်မှီလေ့ကျင့်ခန်းတွေနဲ့နာမည်ကျော်နည်းပြတွေကိုခန့်အပ်ပြီးအသင်းကိုပြင်ဆင်နေကြတာပါ။အာစီယံဒေသတွင်းမှာလည်းအာစီယံနိုင်ငံကလက်ရွေးစင်အသင်းတွေကလည်းအကောင်းဆုံးပြင်ဆင်မှုတွေလုပ်ပြီးအသင်းကိုတိုးတက်အောင်လုပ်နေကြပြီဖြစ်ပါတယ်။

ခြေစမ်းပွဲတွေများစွာကစားရင်းနဲ့အတွေ့အကြုံကောင်းတွေရရှိတာကြောင့်နာမည်ကျော်ကမ္ဘာထိပ်သီးနိုင်ငံကအသင်းတွေကိုဖိတ်ခေါ်ပြီးခြေစမ်းနေကြတာဖြစ်ပါတယ်။ခုအာစီယံဒေသတွင်းမှာထိုင်း၊ဗီယက်နမ်တို့ဟာအာစီယံပြိုင်ပွဲတွေမှာထိပ်တန်းမှာရပ်တည်နေပြီးအာရှပြိုင်ပွဲတွေကိုတောင်အမြဲလိုလိုပါဝင်ကစားခွင့်ရနေပြီဖြစ်ပါတယ်။

အာရှပြိုင်ပွဲတွေမှာလည်းအာရှထိပ်သီးတွေကိုအကောင်းဆုံးရင်ဆိုင်တုန့်ပြန်နိုင်တာကြောင့်အသင်းကြီးတွေကတောင်ပြန်ချီးကျူးနေရတာပါ။ခုမှာလည်းအာစီယံထိပ်သီးဗီယက်နမ်အသင်းကတော့အာဖရိကထိပ်သီးနိုက်ဂျီးရီးယားအသင်းနဲ့ခြေစမ်းပွဲကစားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ကမ္ဘာအဆင့်၄၂မှာရပ်တည်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲတွေကိုဝင်ရောက်ယှဉ်ပြိုင်နေတဲ့ထိပ်သီးအသင်းနဲ့ကစားရမှာကြောင့်ဗီယက်နမ်ကစားသမားတွေကတော့အတွေ့အကြုံကောင်းတွေများစွာရရှိတော့မှာပဲဖြစ်ပါတယ်။

SOURCE:ASEAN FOOTBALL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။