ဂလပ်စဂိုးမြို့မှာ စကော့တလန်နိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်း မြို့ဖြစ်ပြီး ကလိုက်မြစ်ပေါ်၌တည်ရှိပြီး အက်ဒင်ဗာရာမြို့ တော်နှင့် ၄၇ မိုင်ခန့်သာကွာဝေးပါတယ်။ ယခုအခါ ယူနိုက်တက် ကင်းဒမ်းတွင် တတိယမြောက် လူဦးရေ အများဆုံးမြို့ ဖြစ်ပြီး ကျောက်မီးသွေးနှင့် သံထွက်ရာဒေသ များ၏ ဗဟိုတွင် တည်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါတွေကြောင့်ပဲ သင်္ဘောတည်ခြင်း၊ သံထည်ပစ္စည်းများ ထုတ်လုပ်ခြင်းစသော စက်မှုလက်မှုလုပ်ငန်း များ၌ အလွန်ကြီးကျယ်တဲ့အပြင် ထစက်ဖြင့် သိုးမွေးထည်၊ ချည်ထည်များ ရက်လုပ်ခြင်း၊ ဓာတ်ဆေးများချက်ခြင်းတို့လည်း ထွန်းကားပါတယ်။

မြို့ကို လှပစွာ အကွက်ချပြီး ခေတ်မီအောင် တည်ထားကာ စက်ရုံကြီးများနှင့် အလုပ်ရုံကြီးများသည် နေရာအနှံ့ရှိ သဖြင့် မီးခိုးထွက်နေသောခေါင်းတိုင်များ၊ တည်ဆောက်ဆဲ သင်္ဘောကိုယ်ထည်များ၊ ခေတ်မီသင်္ဘောကျင်းတစ်လျှောက်တွင် ဆိုက်ကပ်ထားသော သင်္ဘောများမှ ရွက်တိုင်များသည် မြို့၏ ရှုခင်းတစ်ရပ်လိုပင် ဖြစ်နေပါတယ်။ တက္ကသိုလ်ကျောင်းတော်ကြီး၊ သုခုမပညာသင်ကျောင်းများ၊ ကောလိပ်များ၊ ပြည်သူ့စာကြည့်တိုက်၊ မြူနီစပယ် အဆောက် အအုံနှင့် စတော့ပွဲရုံကြီးများမှာ မြို့၏ ကျက်သရေဆောင်များ လို့တောင် ညွှန်းဆိုနိုင်ပါတယ်။ သုခုမပညာပြခန်းကြီးမှာ ကယ်လဗင်ဂရိုခေါ် ပန်းခြံ ကြီးအတွင်းတွင် အနီရောင်သဲကျောက်ဖြင့် ဆောက်လုပ်ထား သော အဆောက်အအုံဖြစ်ကာ ဗြိတိသျှကျွန်းစုမှ အလွန် ရှားပါး ကောင်းမွန်သော ပန်းချီကားများကို တွေ့နိုင်ပါသေးတယ်။

မြို့၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၆၂ မိုင်ခန့်ရှိကာ လူဦး ရေတစ်သန်းကျော်မျှရှိပြီး စက်မှုလက်မှုလုပ်ငန်းတွင် အကြီးအကျယ်ဆုံးဌာနဖြစ်ရုံမျှမက ဗြိတိန်နိုင်ငံ၏သင်္ဘောတည် ဆောက်သည့်လုပ်ငန်းတွင် အချက်အချာမြို့ကြီး ဖြစ်နပါတယ်။ ထိုမြို့၏ အုပ်ချုပ်ရေးမှာ စံထားလောက်အောင် ကောင်းကြောင်းဖြင့် ကမ္ဘာအရပ်ရပ်တွင် ကျော်ကြားလှပါတယ်။ မြို့အုပ် ချုပ်ရေးရဲများ၊ ကျန်းမာရေးဌာနများ၊ အိုးအိမ်တည်ဆောက်ရေး များမှာ အလွန်စနစ်ကျနသဖြင့် ကမ္ဘာ့မြို့ကြီးများကနည်းယူကြရတဲ့အထိတောင် ဖြစ်ပါတယ်။

Source : wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။