မန်စီးတီး အသင်းဟာ ၂၀၀၈-၀၉ ရာသီနောက်ပိုင်း ချန်ပီယံဆုကို ကာကွယ်နိုင်တဲ့ ပထမဆုံး အသင်းဖြစ်လာခဲ့ပါပြီ။ဒါ့အပြင် ဂွာဒီယိုလာကလည်း ဖာဂူဆန် နဲ့ မော်ရင်ဟိုတို့ရဲ့ နောက် PL ချန်ပီယံဆုကြီးကို၂နှစ်ဆက်ရယူပေးနိုင်တဲ့ တတိယမြောက်နည်းပြ ဖြစ်လာခဲ့ပါတယ်။ဒါအပြင် FAဖလားကိုလဲ ဆွတ်ခူးနိုင်ခဲ့တာကြောင့် မန်စီးတီးရဲ့ အောင်မြင်တဲ့ နှစ်တစ်နှစ်ပဲဖြစ်ပါတယ်။

မန်စီးတီးကတော့ အသက်ရွယ်ကြီးမြင့်နေပြီဖြစ်တဲ့ ကစားသမားတွေကို ရောင်းထုတ်ခဲ့သလို လူငယ်ကစားသမားတွေကို နေရာပေးလာပါတယ်။မန်စီးတီးအသင်းရဲ့ လူငယ်တွေဟာလဲ အနာဂတ်မှာ ထွန်းတောက်မယ့် လူငယ်တွေဖြစ်ပါတယ်။ မန်စီးတီးရဲ့ အခုလို ချိုမြိန်တဲ့ အောင်မြင်မှုတွေက ကစားသမားတွေကို ပျော်ရွှင်စေခဲ့သလို ပိုမိုချမ်းသာကြွယ်ဝစေခဲ့ပါတယ်။   

မန်စီးတီးအသင်းမှာ နေရာရလာတဲ့ လူငယ်တွေထဲမှာ Oleksandr Zinchenkoလဲ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ယနေ့မှာတော့ Zinchenkoဟာ သတင်းမေးတဲ့ သတင်းထောက်ကောင်မလေးက လှပြီး ချစ်စရာကောင်းလွန်းလို့ အားပါတရဖက်နမ်းပလိုက်ပါတယ်။ အဆိုပါဗီဒီယိုဟာ ဘောလုံးချစ်ပရိသတ်တွေအကြားအတော်လေးကို ရေပန်းစားခဲ့ပြီး အဆိုပါဗီဒီယိုကို အောက်မှာကြည့်နိုင်ပါတယ်။

SOURCE: 433 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။