ထပ်ဆင့်အကယ်ဒမီဖွေးဖွေးတစ်ယောက် အနုပညာအလုပ်တွေကို ၃လ တိတိ ရပ်နားထား ရာကနေ အခုတော့ ပြန်လည်လုပ်ကိုင်နေပြီပဲဖြစ်ပါ တယ်။ သူမကအရင်ကတည်းက ဒီလို Break လုပ်တတ်ပြီး ကိုယ်ပိုင်အချိန်လေးမှာ အပြည့်အဝအနားယူတတ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း March လ 10 ရက်နေ့ကစပြီး June လ 10 ရက်နေ့ထိ သုံးလတိတိ အနားယူပြီးပြီဖြစ်တာကြောင့် အနုပညာအလုပ်တွေပြန် စ လုပ်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ် တွေသိပ်ချစ်တဲ့ မင်းသမီးလေးကို ပိတ်ကားတွေပေါ်မှာ ဇာတ်ကားအသစ်တွေနဲ့မြင်တွေ့ ရတော့မှာပါ။

ခန္ဓာကိုယ်အလေးချိန် တက်လာသည့်တိုင်အောင်တောင် ချစ်ဖို့ကောင်းနေဆဲ မင်းသမီး လေးဆိုလည်း မမှားပါဘူး။ ပွင့်ပွင့်လင်းလင်းနဲ့ ဟန်ဆောင်မှုမရှိ ချစ်စရာကောင်း လွန်းတဲ့ နတ်သမီးလေးရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်တွေကိုလည်း အရင်လိုပြန်လည် မြင်တွေ့ရတော့မှာပါ ပရိသတ်ကြီးရေ။ အသက်သုံးဆယ်ကျော်အရွယ်လို့ ထင်ရက်စရာ မရှိအောင်ကို နုပျိုလွန်းသူလေးရဲ့ ဇာတ်ကားသစ်တွေကို ကြည့်ရှုရတော့မှာမို့ အားလုံး ကလည်း စိတ်လှုပ်ရှားဝမ်းသာနေကြပါတယ်။

သူအလုပ်ပြန်လုပ်နေပြီဖြစ်တဲ့အကြောင်းနဲ့ ပုံရိပ်လေးကို " 10th March to 10th June Been taking a break from shoot for 3 months တိတိပြည့်ပြီ " လို့ တင်ပြီးနောက်မှာ တော့ ရိုက်ကွင်းပေါ်က သူမရဲ့ပုံရိပ်လေးတစ်ခုကို " Have a great day my Darlings အလုပ်နဲနဲပြန်စလုပ်ပါပြီ " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ချစ်ရတဲ့ဖွေးစိန် လေးကို ရိုက်ကွင်းပေါ်မှာ ပြန်တွေ့ရပြီး နောက်ထပ်ထွက်လာမယ့်ဇာတ်ကားသစ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားနေရပါပြီ ဖွေးရေ။

Photo - Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။