ဒီနေ့ည၆:၁၅အချိန်မှာတော့မြန်မာ့လက်ရွေးစင်အသင်းဟာခြေစမ်းပွဲအဖြစ်စင်ကာပူအသင်းနဲ့ National Stadium မှာယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဒီခြေစမ်းပွဲကတော့မြန်မာအသင်းနည်းပြချုပ်ရဲ့ပထမဆုံးပွဲစဉ်ဖြစ်လာမှာဖြစ်ပြီးစင်ကာပူအသင်းနည်းပြချုပ်အတွက်လည်းဒုတိယမြောက်ပွဲစဉ်ဖြစ်လာတော့မှာပါ။စင်ကာပူအသင်းဟာမြန်မာအသင်းနဲ့မကစားခင်မှာစင်ကာပူအသင်းဟာခြေစမ်းပွဲတစ်ပွဲကစားခဲ့ပြီးအနိုင်ရထားတာပါ။

မြန်မာအသင်းဟာဒီခြေစမ်းပွဲမှာပရိသတ်တွေမျှော်လင့်နေတဲ့ခြေစွမ်းမျိုးမြင်တွေ့ရဖွယ်ရှိနေတာဖြစ်ပါတယ်။ကစားသမားတွေအနေနဲ့ဝါရင့်ကစားသမားတွေလည်းပါဝင်လာခဲ့ပြီးထိုင်လိဒ်မှာကစားနေတဲ့ကစားသမားတွေလည်းပါဝင်နေတာပါ။မြန်မာဘောလုံးပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့အောင်သူ၊ကျော်ကိုကိုတို့ကိုဒီနေ့ပွဲမှာပြန်တွေ့ရဖွယ်ရှိနေတာပါ။

မြန်မာအသင်းဟာဒီနေ့ပွဲစဉ်ကိုခြေစမ်းပွဲဖြစ်ပေမယ့်လည်းအကောင်းဆုံးနိုင်ပွဲတစ်ပွဲရဖို့မျှော်လင့်နေတာဖြစ်ပါတယ်။စင်ကာပူအသင်းကလည်းမြန်မာအသင်းနဲ့တွေ့တိုင်းခက်ခက်ခဲခဲကစားရတာကြောင့်နှစ်သင်းအားပြိုင်မှုကတော့ပြိုင်ဆိုင်မှုပြင်းထန်မှာဖြစ်ပါတယ်။မြန်မာအသင်းရဲ့ပွဲစဉ်တွေကိုစောင့်မျှော်နေကြတဲ့ပရိသတ်တွေလည်းဒီနေ့ပွဲကိုအားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။