လက်ရှိ ချန်ပီယံဒေဝနဲ့ ချန်ပီယံဟောင်းထွန်းထွန်းမင်းတို့ရဲ့ ထိုးသတ်မှုတွေကိုတော့ ပရိသတ်တွေလည်းကြည့်ရှု့ဖူးကြမယ်ထင်ပါတယ်။ မတူညီတဲ့ ပညာရပ်တွေနဲ့ သဘာရင့်ဆရာတွေဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမှု သုံးကြိမ်တိုင်တိုင်ရှိခဲ့ဖူးတာလည်းတွေ့ရပါတယ်။ ဒေဝနဲ့ ထွန်းထွန်းမင်းတို့ရဲ့နောက်ဆုံးတွေ့ဆုံမှုကတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့ကဖြစ်ပြီး ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။  

အဆိုပါ ပြိုင်ပွဲမှာတော့ ၅ ကြိမ်တိုင်တိုင် အလူးအလဲထိုးသတ်ခဲ့ကြပြီး သရေရလဒ်တစ်ခုသာ ထွက်ပေါ်နိုင်ခဲ့တာည်းတွေ့ရပါတယ်။ ၎င်းပြိုင်ပွဲကတော့ ထွန်းထွန်းမင်းရဲ့ ချန်ပီယံ ဒေဝကို ပြန်လည်စိန်ခေါ်ထိုးသတ်ခဲ့တာဖြစ်ပြီး အကောင်းဆုံးပြင်ဆင်နိုင်ခဲ့တာလည်းတွေ့ရပါတယ်။  

ချန်ပီယံဒေဝကတော့ ပြိုင်ဘက်ဖိုက်တာဟောင်း ထွန်းထွန်းမင်းကို အကောင်းဆုံး ထိန်းကစားနိုင်ခဲ့ပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်တဲ့ ထွန်းထွန်းမင်းနဲ့ ဒေဝတို့ရဲ့ ပွဲဟောင်းလေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

vide0 - dave 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။