ပြီးခဲ့တဲ့ရာသီကရလဒ်တွေဆိုးရွားခဲ့တဲ့မန်ချက်စတာယူနိုက်တက်အသင်းကတော့ဒီနှစ်အပြောင်းအရွေ့ရာသီမှာတော့လူငယ်ကစားသမားတွေကိုအဓိကခေါ်ယူနေတာဖြစ်ပါတယ်။ခုမှာလည်းမန်ယူအသင်းဟာပဲလေ့စ်နောက်ခံကစားသမားအာရွန်ဝမ်ဘစ်စတာကိုခေါ်ယူဖို့သဘောတူညီမှုရခဲ့ပြီဖြစ်ပါတယ်။

မန်ယူအသင်းဟာအဆိုပါကစားသမားအတွက်ပေါင်သန်း၆၀လောက်အသုံးပြုခဲ့ရတာဖြစ်ပါတယ်။ခုမှာတော့သဘောတူညီမှုရခဲ့ပေမယ့်အပြီးသတ်စာချုပ်ချုပ်ဖို့ကတော့မကြာခင်အတွင်းမှာဖြစ်လာတော့မှာပါ။အဆိုပါကစားသမားလေးဟာအသက်၂၁နှစ်သာရှိသေးပြီးအကောင်းဆုံးခံစစ်သမားတစ်ယောက်ဖြစ်တာကြောင့်မန်ယူအသင်းရဲ့အဓိကကစားသမားဖြစ်လာဖွယ်ရှိနေတာပါ။

မန်ယူအသင်းဟာမကြာသေးမီကလည်း ဆွမ်ဆီးတောင်ပံကစားသမား Daniel James ကိုခေါ်ယူထားပြီးခုမှာလည်းလူငယ်နောက်ခံကစားသမားကိုခေါ်ယူနိုင်တော့မှာပါ။အသင်းကအသက်ကြီးကစားသမားတွေနေရာမှာလူငယ်တွေနဲ့အစားထိုးနေတာကြောင့်မန်ယူအသင်းအတွက်တော့အကောင်းဆုံးပြင်ဆင်မှုတွေဖြစ်ပြီးဘယ်လိုခြေစွမ်းတွေပြနိုင်မလဲဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။